Trending Now

ဆိုမာလီယာနိုင်ငံ မြို့တော်မှာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦး သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိ

Spread the love

ဆိုမာလီယာနိုင်ငံ မြို့တော်မှာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦး သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၃

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်ခုမှာ သြဂုတ် ၁၉ ရက်နေ့ ညပိုင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦးသေဆုံးကာ ၁၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာကျန်းမာရေးဌာနက သြဂုတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေက ဗုံးတပ်ဆင်ထားတဲ့ ကားနှစ်စီးကို ဖောက်ခွဲကာ မိုဂါဒစ်ရှူးမြို့မှာရှိတဲ့ ဟာယတ် ဟိုတယ် အပြင်ဘက်နံရံကို ဖျက်ဆီးခဲ့ပြီး ဟိုတယ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ ဓားစာခံများစွာကို ဖမ်းဆီးခဲ့ကြောင်း ဆိုမာလီယာ ကျန်းမာရေးဝန်ကြီး Adan က ထုတ်ပြန်ချက်တွင်ပြောဆိုထားပါတယ်။

ဆိုမာလီယာ ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေနဲ့ ဟိုတယ်ဇုန်အတွင်း နာရီ ၃၀ ကြာ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိတွင် ဆိုမာလီယာရဲတပ်ဖွဲ့ဝင်တွေက ဟိုတယ်ဧရိယာကို ထိန်းချုပ်နိုင်ခဲ့ပြီး ဓားစာခံများကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့က အဆိုပါတိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်ကြောင်း သြဂုတ် ၂၀ ရက်နေ့မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဆိုမာလီယာဝန်ကြီးချုပ်က အကြမ်းဖက်တိုက်ခိုက်မှုအတွက် အယ်လ်ရှာဘတ်ကို အပြစ်တင်ခဲ့ပြီး ၁၅ နှစ်ကျော်ကြာအောင် တော်လှန်ပုန်ကန်ခဲ့တဲ့ အယ်လ်ကေးဒါးနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေကို တုံ့ပြန်တိုက်ခိုက်ဖို့ အဖွဲ့အစည်းအားလုံးကို တောင်းဆိုခဲ့ပါတယ်။

အယ်လ်ရှာဘတ်အဖွဲ့ဟာ ဆိုမာလီယာသမ္မတ မဟာမုဒ် ရာထူးတက်လာပြီးကတည်းက တိုက်ခိုက်မှုများစွာကို တိုးမြင့်လုပ်ဆောင်ခဲ့ပါတယ်။

မိုဂါဒစ်ရှူးမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကလည်း လူပေါင်း ၅၁၂ ဦးသေဆုံးခဲ့တဲ့ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုတစ်ခုကို အလ်ရှာဘတ်အဖွဲ့က လုပ်ဆောင်ခဲ့ပါတယ်။

Source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။