Trending Now

မြစ်ကြီးနားမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

Spread the love

မြစ်ကြီးနားမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စုပေါင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံး ပေါင်းစုလှုပ်ရှားပေး “UNITE! Activism to End Violence Against Women & Girls” ခေါင်းစဥ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်အနေနဲ့ အမျိုးသမီးတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးမှုတွေ ပါဝင်နိုင်မယ့် အခွင့်အလမ်းတွေကို တန်းတူညီမျှ ဖော်ဆောင်ပေးလျှက်ရှိကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေနဲ့ အမျိုးသမီး အခွင့်အရေးမြှင့်တင်ဖော်ဆောင်တဲ့ လုပ်ငန်းများ ဆောင်ရွက်ရာမှာ မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၇)ရပ် ချမှတ်ပြီး ဆောင်ရွက်လျက် ရှိကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW (နက်စ်ပေါ) ၂၀၁၃-၂၀၂၂ ကို ကျားမရေးရာ ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော်လျက် ရှိကြောင်း ” ကချင်ပြည်နယ် အစိုးရအဖွဲ့မှ၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ယင်းအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အဆိုပါ (၁၆)ရက်တာကာလ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုအဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ရာ ယင်းလှုပ်ရှားမှုတွင် လူသွားလူလာများသည့် လမ်းများတွင် ဘေလ်ဘုတ်များ၊ ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု နှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဖဲကြိုးဖြူ (campaign) များ၊ ဒီဇင်ဘာလ (၁)ရက်နေ့ တွင် HIV ရောဂါ ကူးစက်ခံရသူများအတွက် ဖဲကြိုးနီ (campaign) များ ပြုလုပ်သွားမည်ဖြစ်ကြောင်းကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“အဲ့ဒီ (၁၆)ရက်တာ လှုပ်ရှားမှုမှာ အားကစားနဲ့ ပတ်သက်တဲ့ အကျိုးပြု လှုပ်ရှားမှုတွေလုပ်မယ်၊ နောက်ပြီး အသိပညာပေး ဟောပြောပွဲတွေ၊ သင်တန်းတွေ ပြုလုပ်သွားမယ်၊ လမ်းတွေမှာဆိုလဲ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဗီနိုင်းတွေ၊ ဘေလ်ဘုတ်တွေ၊ ဆိုင်းဘုတ်တွေ စိုက်ထူသွားမယ်။ ဖဲကြိုးဖြူ ရင်ထိုးတွေနဲ့ (campaign) တွေ၊ ဒီဇင်ဘာလ (၁)ရက်နေ့ မှာ HIV ရောဂါခံစားနေရတဲ့ သူတွေ အတွက် ဖဲကြိုးနီ (campaign) တွေ ပြုလုပ်သွားမယ်၊အဲ့ဒီ (campaign) တွေကနေ လူအခွင့်အရေးတွေမှာ အမျိုးသမီးတွေအတွက် ရရှိသင့်တဲ့အခွင့်အရေးတွေ ကိုလဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ် အတွင်း အကြမ်းဖက်မှုခံရသည့် အမျိုးသမီးများအတွက် ပြည်နယ် ကျန်းမာရေးမှ ဖွင့်လှစ်ထားပေးသည့် ဂေဟာ တစ်ခုရှိပြီး ယခုနှစ်အတွင်း အမျိုးသမီး (၆) ဦး ကို ကာကွယ်စောင့်ရှောက်ပေးထားကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။