Trending Now

ကိုဗစ်အကျပ်အတည်းနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အီယူတို့ ထိပ်တိုက်တွေ့

Spread the love

ကိုဗစ်အကျပ်အတည်းနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အီယူတို့ ထိပ်တိုက်တွေ့

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၄

ဥရောပနိုင်ငံတွေဟာ တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ ခရီးသွားတွေအပေါ် ကိုဗစ်စည်းကမ်းချက်တွေ တင်းကျပ်လိုက်တာနဲ့ ပတ်သက်လို့ တရုတ်ဘက်က ရှုတ်ချကြောင်း ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။

အမေရိကန်၊ ကနေဒါ၊ ပြင်သစ်နဲ့ ဂျပန်တို့ဟာ တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ ခရီးသွားတွေအပေါ် တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို ပြင်သစ်၊ အီတလီ နဲ့ စပိန်တို့ကလည်း တရုတ်နိုင်ငံက ရောက်ရှိလာတဲ့ ခရီးသည်တွေအတွက် ပိုမိုပြင်းထန်တဲ့ သီးခြားအစီအမံတွေကို ကြေညာထားပြီဖြစ်ပါတယ်။

“တချို့နိုင်ငံတွေက တရုတ်ခရီးသွားတွေကိုပဲ ပစ်မှတ်ထား ဝင်ခွင့် ကန့်သတ်တာတွေ လုပ်ထားပါတယ် ဒါဟာ သိပ္ပံနည်းကျ အခြေခံတွေ ကင်းမဲ့နေပြီး အချို့သော လုပ်ဆောက်ချက်တွေက လက်ခံနိုင်စရာမရှိပါဘူး” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေး ရည်ရွယ်ချက်အတွက် ကိုဗစ်အစီအမံတွေကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံဘက်က ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တန်ပြန်အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း မော်နင် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံရဲ့ တင်းကျပ်တဲ့ ကိုဗစ်မှုဝါဒ ကန့်သတ်ချက်တွေကို ရုတ်တရက် ဖြေလျော့ပေးခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

အဲ့ဒီနောက် ဒီဇင်ဘာ လနောင်းပိုင်းမှာ တရုတ်နိုင်ငံက ပြည်တွင်းခရီးသွားတွေအတွက် ကွာရန်တင်းကန့်သက်ချက်ကို ရုတ်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံအတွင်းက လူတွေဟာ ပြည်ပခရီးရှည်တွေ စတင်ထွက်ခွာလာခဲ့ကြပါတယ်။

တရုတ်ပြည်တွင်းမှာကိုဗစ် ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာကို ကိုးကားပြီး ကိုဗစ်မျိုးကွဲအသစ်တွေ နိုင်ငံအတွင်းမရောက်ရှိအောင် အနောက်နိုင်ငံတွေက တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ ခရီးသွားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ရောဂါအခြေအနေကို ကောင်းစွာထိန်းချုပ်ထားနိုင်ကြောင်းနဲ့ ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှုမှာလည်း လုံလောက်စွာ ထောက်ပံ့ပေးထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အခိုင်အမာပြောကြားထားပါတယ်။

— ကိုးကား —
AP
Ref; EU, Beijing heading for collision over China’s COVID crisis

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။