Trending Now

ဘိုရင်း လေယာဉ်အသုံးပြုတာတွေကို စင်ကာပူနဲ့အင်ဒိုနီးရှား ဆိုင်းငံ

Spread the love

ဘိုရင်း လေယာဉ်အသုံးပြုတာတွေကို စင်ကာပူနဲ့အင်ဒိုနီးရှား ဆိုင်းငံ 

EPN
နိုင်ငံတကာ၊ မတ် ၁၂

စင်ကာပူနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ လေကြောင်းလိုင်းတွေမှာ ဘိုရင်း 737 MAX အမျိုးအစားလေယာဉ်အသုံးပြုပျံသန်းတာတွေကို ယာယီဆိုင်းငံလိုက်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အီသီယိုးပီးယားနိုင်ငံမှာ မတ်လ ၁၀ ရက်နေ့က ခရီးသည် ၁၅၇ ဦးစလုံးသေဆုံးစေခဲ့တဲ့ဘိုရင်း 737 MAX လေယာဉ်ပျက်ကျမှုဖြစ်ခဲ့ပြီးနောက် နိုင်ငံအချို့ က အဲဒီအမျိုးအစားလေယာဉ် အသုံးပြုပျံသန်းတာတွေ စိုးရိမ်မှုတွေရှိနေပါတယ်။
လေယာဉ်ပျက်ကျခဲ့ပြီးနောက် အီသီယိုးပီးယား နဲ့ တရုတ်လေကြောင်းလိုင်းအာဏာပိုင်တွေက နိုင်ငံလေကြောင်းလိုင်းတွေမှာ ဘိုရင်း 737 MAX အမျိုးစားလေယာဉ်သုံးစွဲပျံသန်းတာတွေ စတင် ဆိုင်းငံခဲ့ပါတယ်။

စင်ကာပူနဲ့ အင်ဒိုနီးရှားတို့မှာဘိုရင်း 737 MAX အမျိုးစားလေယာဉ်အသုံးပြုပျံသန်းတာ ဆိုင်းငံလိုက်တာကြောင့် အဲဒီနိုင်ငံအတွင်းရှိ လေကြောင်းလိုင်းတွေ အခက်ခဲတွေတွေကြုံရဖွယ်ရှိတယ်လို့ ချန်နယ်နယူးအေးရှားသတင်းကဖော်ပြပါတယ်။

ဘိုရင်းလေယာဉ်ကုမ္ပဏီကတော့ 737 MAX အမျိုးအစားလေယာဉ် တွေရှိ ဆော့ဝဲလ်ကို အဆင့်မြင့်တင်သွားမယ်လို့ ဆိုပါတယ်။ ဘိုရင်း 737 Max လေယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ (၁၅၇)ဦးစလုံး သေဆုံးခဲ့ပါတယ်။ Lion Air လေကြောင်းလိုင်းရဲ့ ဘိုရင်း 737 Max လေယာဉ် ပျက်ကျပြီး(၆)လအကြာမှာ နောက်ထပ်လေယာဉ်ပျက်ကျခဲ့တာပါ။ အဲ့ဒါကြောင့် အချို့လေကြောင်း အဖွဲ့အစည်းတွေက ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
——————————————-


EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။