Trending Now

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူမည့်အသက်ကို ၆၂ နှစ်အဖြစ် ပြင်ဆင်သတ်မှတ်

Spread the love

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူမည့်အသက်ကို ၆၂ နှစ်အဖြစ် ပြင်ဆင်သတ်မှတ်

EPN

မြစ်ကြီးနား၊ ဧပြီ ၁

မြန်မာနိုင်ငံတစ်ဝှမ်းရှိ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်ကို ၆၂ နှစ် အဖြစ် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ ပြင်ဆင်သတ်မှတ်ရခြင်းမှာ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းရန်၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်းမှုတို့အရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက် အထောက်အကူပြုစေရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ နိုင်ငံမှာ တချို့ ဆိုရင် ၆၀ ပြည့်ပေမယ့် extension ထပ်ပေးတယ်။ လူတွေကလည်း ကျန်းမာတယ်ပေ့ါ။ အလုပ်လုပ်နိုင်တဲ့အရွယ်တွေလည်းဖြစ်ပါတယ်။ အခုလိုမျိုးထပ်ပြီးတာဝန်ပေးတဲ့အတွက် အများကြီး ကောင်းသွားမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်’’ ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသက်ဆွေက ဆင်ဟွာ သတင်းဌာနသို့ ပြောဆိုထားသည်။

အဆိုပါပြင်ဆင်ချက်ကို န.စ.က ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်သည့်နေ့ဟု နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများဖြင့် ပြင်ဆင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။