Trending Now

ဧရာဝတီတိုင်းဒေသကြီးတွင် စပါးများအထွက်နှုန်းကျဆင်းခဲ့သဖြင့် ဆန်ဈေးများမြင့်တက်နေ

Spread the love

ဧရာဝတီတိုင်းဒေသကြီးတွင် စပါးများအထွက်နှုန်းကျဆင်းခဲ့သဖြင့် ဆန်ဈေးများမြင့်တက်နေ

EPN
ပုသိမ်၊ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ်စပါးအထွက်နှုန်းလျော့ကျခဲ့ခြင်းကြောင့် ဧပြီလတွင် ဆန်ဈေးများမြင့်တက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိဆန်းစပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အခြေခံလူတန်းစားများအများစု စားသုံးသည့် ဧည့်မထ၊ သီးထပ်ရင်၊ မနောသုခ၊ဧရာပဒေသာ စသည့် ဆန်အကြမ်းအုပ်စုတွင် ပါဝင်သည့် ဆန်အမျိုးအစားများနှင့် ဖျာပုံပေါ်ဆန်း၊ တောင်ပျံစသည့် ဆန်ချောများလည်း ဈေးတက်နေကြောင်း သိရသည်။

”ယခုနှစ် စပါးတွေ အထွက်နည်းလျော့ကျခဲ့လို့ ဆန်ဈေးက တက်လာတာပါ။ နွေစပါးအသစ်တွေ လှိုင်လှိုင် မပေါ်ခင်အချိန်အထိ ဈေးတက်နေလိမ့်မယ်လို့ယူဆ တယ်။ ကျွန်တော်တို့ဘက်က တောင်သူတွေက စပါးတွေ
ကို ရောင်းထုတ်ပြီး ကြိတ်ခွဲမစားဘဲ ဆန်ကိုသာဝယ်စားကြတာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီးရှိ ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးတင်ရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်ယခင်က ဧည့်မထ၊ သီးထပ်ရင်၊ မနောသုခ၊ ဧရာပဒေသာစသည့် ဆန်အကြမ်းအုပ်စုတွင် ပါဝင်သော ၂၄ ပြည်ဆန်တစ်အိတ်ကို ငွေကျပ် ၂၅၀၀၀ မှ ၂၆၅၀၀ အထိသာရှိခဲ့ပြီး လက်ရှိဧည့်မထ၊သီးထပ်ရင်၊ မနောသုခ၊ ဧရာပဒေသာစသည့် ဆန်အကြမ်း အုပ်စုတွင်ပါဝင်သော၂၄ ပြည်ဆန်တစ်အိတ်ကိုငွေကျပ် ၃၀၅၀၀မှ ၃၆၀၀၀ အထိဈေးတက်နေကြောင်း သိရသည်။

”ဘယ်ဆန်အမျိုးအစားကို မေးမေး သုံးသောင်းရဲ့ အထက်မှာဘဲ ရှိနေတယ်။ တစ်ခါမှ မပေါက်တဲ့ဈေးပါ
ဆန်ထွက်တဲ့နေရာမှာ ဆန်ဈေးတက်နေတာအတော့်ကိုဆန်ကြယ်တာဘဲ။ အရင်ကဆန်ချောကိုသာ စားတာပါ အခုတော့ မတတ်နိုင်တော့လို့ ဆန်အကြမ်းထဲကနေနည်းနည်းပျော့တာကို ဝယ်စားနေရတယ်။”ဟု ပုသိမ်မြို့ ကဒေသခံ တစ်ဦးက ပြောသည်။

ဆန်အကြမ်းများအပြင် ဖျာပုံပေါ်ဆန်း၊ တောင်ပျံစသည့် ဆန်ချောများသည် ယခင်က ၂၄ ပြည် တစ်အိတ်ကိုငွေကျပ် ၄၇၀၀ မှ ၅၃၀၀ အထိသာရှိခဲ့ပြီး လက်ရှိ ၂၄ ပြည်တစ်အိတ်ကို ငွေကျပ် ၅၆၀၀၀မှ ၆၀၀၀ အထိဈေးမြင့်တက်လာကြောင်း သိရသည်။

ထို့အပြင် စပါးဈေးနှုန်းမှလည်း စပါးအကြမ်းများမှာတင်းတစ်ရာကို ငွေကျပ် ၈ သိန်းအထိဈေးပေါက်လာ
ပြီး အချောစပါးများမှာလည်း တင်းတစ်ရာကိုငွေကျပ် ၁၃ သိန်းအထိ ဈေးတက်လာကြောင်းသိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။