Trending Now

ဟုမ္မလင်းနယ်ဘက်က ရွှေမှော်တွေမှာ မှတ်ပုံတင် စစ်ဆေးတာတွေ တင်းကြပ်လွန်းတဲ့အတွက် လုပ်သားရှားပါးမှုနဲ့ ကြုံတွေ့နေရ

Spread the love

ဟုမ္မလင်းနယ်ဘက်က ရွှေမှော်တွေမှာ မှတ်ပုံတင် စစ်ဆေးတာတွေ တင်းကြပ်လွန်းတဲ့အတွက် လုပ်သားရှားပါးမှုနဲ့ ကြုံတွေ့နေရ

EPN
ဟုမ္မလင်း ၊ ဧပြီ ၄

စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်ဘက်က ရွှေမှော်လုပ်ကွက်တွေမှာ မနေ့ကစလို့ မှတ်ပုံတင် စစ်ဆေးတာနဲ့ ဧည့်စာရင်း စစ်ဆေးတာတွေကြောင့် ရွှေလုပ်သားတွေ သိသိသာသာ ရှားပါးလာနေတယ်လို့ ဥရုချောင်းဒေသ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေက အခုတလော ဧည့်စာရင်းစစ်ဆေးတာ ၊ မှတ်ပုံတင် စစ်ဆေးတာတွေ တင်းကြပ်လာတဲ့အတွက် မှတ်ပုံတင် မရှိတဲ့ ရွှေလုပ်သားတွေက ရွေ့ပြောင်းကုန်ကြတာ ” လို့ မှော်စိန် ရွှေလုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံသား မှတ်ပုံတင် မရှိတဲ့ ရွှေလုပ်သားတွေကို စစ်ကြောင်းအဖွဲ့က စစ်ဆေးတွေ့ရှိရရင် ၊ ရွှေမျှောပိုင်ရှင်ရော ၊ ရွှေလုပ်သားပါ ၂ ဦးစလုံး အရေးယူနေတာ ဖြစ်တဲ့အတွက် မှတ်ပုံတင်မရှိတဲ့ ရွှေလုပ်သားတွေကို အလုပ်ရှင်တွေက ဆက်လက်ခိုင်းဖို့ မဖြစ်နိုင်တာကြောင့် ရွှေလုပ်သား ရှားပါးလာရတာလို့ သိရပါတယ်။

” မှော်ဆိုတာက အရပ်လေးပါးက အကြောင်းအမျိုးမျိုးနဲ့ စီးပွားလာရှာကြတာဖြစ်တယ် ၊ ရိုးသားတဲ့ လူတွေရှိသလို ၊ ပြစ်မှုကျူးလွန်းပြီး ထွက်ပြေး ခိုအောင်းနေတဲ့ သူတွေလည်းရှိတယ် ၊ အဲ့ဒါကြောင့် ဧည့်စာရင်းစစ်ဆေးတာနဲ့ မှတ်ပုံတင် စစ်ဆေးတာကို တင်းကြပ်စွာ ဆောင်ရွက်နေတာ ” လို့ ဥရုချောင်းဒေသ ရွှေလုပ်ကွက်တွေရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေလုပ်ကွက်တွေနဲ့ နီးစပ်တဲ့ နောင်ပိုအောင် ၊ နမ့်တော ၊ ထိန်ကုန်း စတဲ့ ကျေးရွာတွေဘက္မှာလည်း ခရီးသွားတွေကို မှတ်ပုံတင် စစ်ဆေးတာတွေ ရှိသလို ၊ ဟုမ္မလင်းနယ် မြို့ဝင် မြို့ထွက်နေရာနဲ့ ရေယာဥ်ဂိတ်တွေမှာလည်း မှတ်ပုံတင်စစ်ဆေးတာတွေ တင်းကြပ်စွာရှိတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။