Trending Now

မြစ်ကြီးနား – ဖားကန့် လမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ထား

Spread the love

မြစ်ကြီးနား – ဖားကန့် လမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ထား

EPN
မြစ်ကြီးနား၊ ဩဂုတ်၂၃

မြစ်ကြီးနား – ဖားကန့် လမ်းပိုင်းဖြစ်သည့် နန့်ယားဂိတ်နှင့် မအူပင်ကျေးရွာ မရောက်မီ ကျောက်ထု KIA ဂိတ်တို့တွင် အတက်အဆင်းကားများအား ဖြတ်သန်းသွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း မြစ်ကြီးနား – ဖားကန့် ပြေးဆွဲသည့် ကားဆရာများထံမှ သိရသည်။

ယမန့်နေ့ မနက်ပိုင်းအချိန်က ဖားကန့်သွားသည့် လမ်းပိုင်းတွင် တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် နန့်ယားစစ်ဆေးရေးဂိတ်တွင် အဆင်း၊ အတက် ကားများကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ နံနက်ပိုင်းအချိန်တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ကျောက်ထု KIA ဂိတ်တွင် မည်သည့်ကားမှ ဖြတ်သန်းခွင့်မပေးသည့်အတွက် ကားများပိတ်မိနေကြောင်း သိရသည်။

” အခုချိန်ထိ ဟိုကဖွင့် သည်ကပိတ်နဲ့ ကား‌သမားတွေ လမ်းမှာပိတ်မိနေတယ်။ နန့်ယားဂိတ်က အတက်ကားတွေ လွှတ်ပြန်တော့ ကျောက်ထုမှာ ပြန်ပိတ်ထားတယ်။ KIAက အခုတော့ အတက်ရော၊ အဆင်းရော KIAဂိတ်က ပိတ်လိုက်တယ် ” ဟု အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် ဂိတ်တွင်ပိတ်မိနေသည့် ကားဆရာများ နီးစပ်ရာ ကျေးရွာအတွင်းဝင်ရောက် ခိုလှုံခဲ့ရပြီး၊ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများ ရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

လက်ရှိအချိန်တွင် ဖားကန့်လမ်းပိုင်းဖြစ်သည့် လဝါးဂိတ်နှင့် ကျောက်ထု KIA ဂိတ်တို့တွင် အိမ်စီးကား၊ လိုင်းကား စုစုပေါင်း ရာဂဏန်းထက္မနည်း ပိတ်မိနေကြောင်း သိရပြီး၊ တိုက်ပွဲဖြစ်ပွားမှု ပြန်လည်ငြိမ်သက်နေကြောင်း သိရသည်။

ယင်းလမ်းပိုင်းများအား ရက်အကန့်အသတ်မရှိ ပိတ်ထားပါက ဖားကန့်မြို့နယ်အတွင်း နေထိုင်သည့် ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည့် ကဏ္ဍများ နေ့စဉ်အခက်အခဲများ ကြုံတွေ့လာနိုင်သည့်အတွက် တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ ဆက်လက်ပြီး တိုက်ပွဲများ ပြင်းထန်လာမည်ကိုလည်း ဒေသခံများစိုးရိမ်နေကြသည်။

ဖားကန့်မြို့နယ်အတွင်း၌ ဩဂုတ်လအတွင်း တပ်မတော်နှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း သိရသည်။

ပိုင်ကြီး
Photo – Crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။