Trending Now

မြန်မာနိုင်ငံမှာ လူကုန်ကူးခံရတဲ့ အိန္ဒိယနိုင်ငံသားတွေကို နေရပ်ပြန်ပို့

Spread the love

မြန်မာနိုင်ငံမှာ လူကုန်ကူးခံရတဲ့ အိန္ဒိယနိုင်ငံသားတွေကို နေရပ်ပြန်ပို့

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၂

မြန်မာနိုင်ငံမှာ လူကုန်ကူးခံရတဲ့ အိန္ဒိယနိုင်ငံသား ၃၈၁ ဦးကို အောင်မြင်စွာ ပြန်လည်လွှဲပြောင်းပေးခဲ့နိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဖော်ပြထားပါတယ်။

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အလုပ်အကိုင်ကမ်းလှမ်းမှုကြောင့် သားကောင်ဖြစ်ခဲ့ရပြီး
မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးကို စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတစ်ဆင့် အိန္ဒိယနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား စုစုပေါင်း ၃၈၁ ဦးကို အိန္ဒိယနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အလုပ်အကိုင်ကမ်းလှမ်းမှုတွေကြောင့် သားကောင်မဖြစ်စေရန်အတွက် အိန္ဒိယနိုင်ငံသားတွေကိုသတိထားကြဖို့လည်း အသိပေးထားပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။