Trending Now

ဂျပန် ဘီးတပ်ကုလားထိုင် တင်းနစ် အကျော်အမော် ကူနီဒါ က ပြင်သစ် အိုးပင်းချန်ပီယံဆုကို ၈ ကြိမ်မြောက်ဆွတ်ခူး

Spread the love

ဂျပန် ဘီးတပ်ကုလားထိုင် တင်းနစ် အကျော်အမော် ကူနီဒါ က ပြင်သစ် အိုးပင်းချန်ပီယံဆုကို ၈ ကြိမ်မြောက်ဆွတ်ခူး

EPN
နိုင်ငံတကာ၊ ဇွန် ၆

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇွန်လ ၄ ရက်နေ့က ကျင်ပပြုလုပ်ခဲ့တဲ့ အိုးပင်းချန်ပီယံ ပြိုင်ပွဲမှာ ဂျပန် တင်းနစ် အကျော်အမော် ကူနီဒါက ကမ္ဘာ့ အဆင့် ၃ အာဂျင်တီးနား ကစားသမာကို ဖြတ်ကျော်ပြီး ၈ ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

အမျိုးသား တစ်ဦးချင်းဗိုလ်လုပွဲမှာ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်ကစားသမား ကူနီဒါဟာ ကမ္ဘာ့အဆင့် ၃ အာဂျင်တီးနားကစားသမား ဖာနန်ဒက်ဇ် နဲ့ ယဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

ကူနီဒါက ပထမပွဲစဉ်ကို ၆-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ဖာနန်ဒက်ဇ်က အားပြင်းတဲ့ အသာစီးရိုက်ချက်တွေနဲ့ အသာစီးရကာ ၇-၅ အနိုင်ရယူသွားနိုင်ခဲ့ပါတယ်။

နောက်ဆုံးပွဲစဉ် မှာတော့ ကူနီဒါရဲ့ တိကျ ပြောင်မြောက်တဲ့ တန်ပြန်ရိုက်ချက်တွေကို အသုံးပြုပြီး အသက် ၂၈ နှစ်အရွယ် ပြိုင်ဘက်ကစားသမားကို ၇-၅ နဲ့ အနိုင်ကစားသွားနိုင်ခဲ့ပါတယ်။

၃ နာရီ နီးပါး ကြာခဲ့တဲ့ ပွဲစဉ်တစ်လျှောက်မှာ ကူနီဒါက ပြိုင်ဘက်ကစားသမားကို အသာစီးနဲ့ ယှဉ်ပြိုင်ကစားပြီး ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ၈ ကြိမ်မြောက် ဆွတ်ခူးသွားခဲ့တာပါ။

ဂျပန် ကစားသမားဟာ အာဂျင်တီးနား ကစားသမား ဖာနန်ဒက်ဇ် နဲ့ တွေ့ဆုံမှု ၃၈ ကြိမ်အတွင်း ၂၇ ကြိမ် အနိုင်ကစားထားခဲ့တာဖြစ်ပါတယ်။

Source – NHK
Photo – AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။