Trending Now

၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ကျန်းမာရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် EPN နေပြည်တော်၊ အောက်တိုဘာ ၁၈ (၂၀၂၃) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘားမားခရိုင်၌ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပသည့် ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ကျန်းမာရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖိုရမ်ကို “Health Preserving Culture of Traditional Medicine and Industrial Development of Health Tourism” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အဖွင့် အမှာစကား ပြောကြားခဲ့ကာ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးပညာသည် ကြွယ်ဝသော သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များရှိပြီး တိုင်းရင်းဆေးသမားတော်များအား မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝိုင်းအတွင်း လေးစားယုံကြည်ကြပါကြောင်း၊ ပြည်ပရှိလူနာများအတွက် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိနိုင်စေရုံမျှမက ဒေသတွင်းနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို လည်း ကူညီပံ့ပိုးပေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နေ့က အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ နန်နင်းမြို့၊ ကွမ်းရှီးရုက္ခဗေဒ ပရဆေးဥယျာဉ်နှင့် ပရဆေးပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့ကြပြီး၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်နေ့၊ ညနေပိုင်းက ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ အမရာ

Spread the love

၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ကျန်းမာရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

EPN
နေပြည်တော်၊ အောက်တိုဘာ ၁၈ (၂၀၂၃)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘားမားခရိုင်၌ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပသည့် ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ကျန်းမာရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်ကို “Health Preserving Culture of Traditional Medicine and Industrial Development of Health Tourism” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အဖွင့် အမှာစကား ပြောကြားခဲ့ကာ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးပညာသည် ကြွယ်ဝသော သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များရှိပြီး တိုင်းရင်းဆေးသမားတော်များအား မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝိုင်းအတွင်း လေးစားယုံကြည်ကြပါကြောင်း၊ ပြည်ပရှိလူနာများအတွက် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိနိုင်စေရုံမျှမက ဒေသတွင်းနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို လည်း ကူညီပံ့ပိုးပေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နေ့က အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ နန်နင်းမြို့၊ ကွမ်းရှီးရုက္ခဗေဒ ပရဆေးဥယျာဉ်နှင့် ပရဆေးပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့ကြပြီး၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်နေ့၊ ညနေပိုင်းက ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။