Trending Now

ဧည့်မထဆန်များကို တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟုဆို

Spread the love

ဧည့်မထဆန်များကို တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟုဆို

EPN
မြစ်ကြီးနား၊ သြဂုတ် ၃

ဧည့်မထဆန်အိတ် (၅၀၀၀၀) ကို တစ်အိတ်လျင် ၆၀၀၀၀ နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦး စတင်ရောင်းချရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယနေ့ ထုတ်ပြန်ကြေညာထားသည်။

အရန်ဆန်များကို သက်သာသော ဈေးနှုန်းဖြင့် အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေးခြင်း၊ လုပ်သားပြည်သူများ၊ ဆန်ကုန်စည်ဒိုင်များ၊ စည်ပင်သာယာဈေး အရောင်းဆိုင်များမှတစ်ဆင့် ရောင်းချပေးခြင်း အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အရန်ဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့် ထုတ်ရောင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂၅ ရာခိုင်နှုန်းအဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦး စတင်ရောင်းချရန် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။