Trending Now

ဒေသတည်ငြိမ်အုပ်ချုပ်ရေးအဖွဲ့၊ နယ်ခြားစောင့်တပ်နှင့် ဒေသကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ပန်ဝါမြို့တွင် COVID-19 ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေ

Spread the love

ဒေသတည်ငြိမ်အုပ်ချုပ်ရေးအဖွဲ့၊ နယ်ခြားစောင့်တပ်နှင့် ဒေသကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ပန်ဝါမြို့တွင် COVID-19 ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေ
 

EPN
ပန်ဝါ၊ မတ် ၂၇

ကချင်ပြည်နယ်၊ ကချင်အထူးဒေသ(၁)၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့တွင် ယမန်နေ့က ဒေသတည်ငြိမ် အုပ်ချုပ်ရေးအဖွဲ့၊ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်နှင့် ဒေသကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ယမာန်နေ့က ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများကို ဒေသတည်ငြိမ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

“ကျွန်တော်တို့အနေနဲ့ ဒေသမှာရှိတဲ့ ပြည်သူများကို ကျန်းမာရေးအသိပညာပေးတာတို့၊ ကိုယ်အပူချိန် တိုင်းတာပေးတာတို့ကို နေ့စဉ်ဆောင်ရွက်ပေးနေပါတယ်၊ အထူးသဖြင့် ပန်ဝါမြို့ကို ဝင်ထွက်သွားလာသူ နေကြသူများကို စောင့်ကြည့်စစ်ဆေးလျှက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ချီဖွေမြို့နှင့် ပန်ဝါမြို့သို့ သွားလာနေသူများကို ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် သတ်မှတ်ကိုယ်အပူချိန်ထက်များသည့်သူ၊ COVID-19 သံသယလူနာမတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ပန်ဝါဒေသပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခဲ့ကြသည့်အပြင် နှာခေါင်းစီး Mask များနှင့် လက်သန့်ဆေးရည်များ ဝေငှခဲ့ကြောင်း သိရသည်။

ကိုဖြိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။