Trending Now

လျှပ်စစ်သုံးယာဉ်တွေအတွက် အားသွင်းစက် ၁၀ စုံ ထပ်မံရောက်ရှိ

Spread the love

လျှပ်စစ်သုံးယာဉ်တွေအတွက် အားသွင်းစက် ၁၀ စုံ ထပ်မံရောက်ရှိ

EPN
မြစ်ကြီးနား၊ မတ် ၈

တရုတ်နိုင်ငံက တင်သွင်းလာတဲ့ လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60KW (၁၀) စုံ မတ်လ ၇ ရက်နေ့က ထပ်မံရောက်ရှိလာတယ်လို့ နိုင်ငံပိုင်သတင်းအရ သိရပါတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd. က တင်သွင်းခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ အားသွင်းစက်တွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး လျှပ်စစ်သုံးယာဉ်အားသွင်းစက်တွေ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း ဖော်ပြထားပါတယ်။

လျှပ်စစ်သုံးယာဉ် အားသွင်း Charging Station တစ်ခုကို နေပြည်တော် သပြေကုန်းဈေးအနီးမှာမတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို အများပြည်သူ အသုံးပြုနိုင်ဖို့အတွက် အခြား Charging Station တွေကိုလည်း စတင်တည်ဆောက်နေတယ်လို့ သိရပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။