Trending Now

မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၉)အား ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

Spread the love

မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၉)အား ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇွန် ၂၇

ဇွန် ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ (၉) ရှိ ဘဏ်ဝန်ထမ်းများအား လက်နက်များဖြင့် ခြိမ်းခြောက်၍ ငွေကျပ် ၄၄၉ သိန်းအား ဓားပြတိုက် ယူဆောင်းသွားသည့် တရားခံ ၆ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်း ထုန်ပြန်ထားသည်။

ဓားပြတိုက်ခံရမှုနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ဇွန်လ ၂၂ ရက်တွင် ညောင်ဦးမြို့၊ အမှတ်(၁)ရပ်ကွက်၌ ဘဏ်ဓါးပြတိုက်ရာတွင် ပါဝင်ခဲ့သည့် ကောင်းခန့်နောင်၊ သန်းထွန်းဇော်၊ မျိုးမင်းသန့်၊ ပပလင်း၊ သဉ္ဇာလင်းနှင့် လဲ့လဲ့ဝေတို့ ၆ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

၎င်းတို့၏ ထွက်ဆိုချက်အရ သန်းထွန်းဇော်၊ ကောင်းခန့်နောင် နှင့် ဆရာစွမ်း ဆိုသူတို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ အကြမ်းဖက်အဖွဲ့တွင် အကြမ်းဖက် ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်၍ အင်အား ၂၅ ဦး ဖွဲ့စည်းခဲ့ပြီး ၊ ဆရာစွမ်းမှ ခေါင်းဆောင်၍ ကောင်းခန့်နောင်နှင့် သန်းထွန်းဇော်တို့ အပါအဝင် ၆ ဦးမှ ပစ္စတို ၂ လက်ဖြင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ (၉)အား ဝင်ရောက်ကာ ငွေကျပ် ၄၄၉ သိန်းအား ဓာပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ဆရာစွမ်းသည် ညောင်ဦးမြို့ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေရာမှ မန္တလေးမြို့သို့ ပြန်လည် ရောက်ရှိနေကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်တွင် မဟာအောင်မြေမြို့နယ် ၈၄ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ lotteria ကြက်ကြော်ဆိုင်၌ ဆရာစွမ်းအား တွေ့ရှိသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသောကြောင့် တပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ဆရာစွမ်းအား Glock အမျိုးအစား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ်၂ ခု၊ ၉မမ ကျည် ၁၉ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိသူ တရာခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။