Trending Now

အစ္စရေး-ဟားမတ်စ်စစ်ပွဲ အဓိကဖြစ်ရပ်များ

Spread the love

အစ္စရေး-ဟားမတ်စ်စစ်ပွဲ အဓိကဖြစ်ရပ်များ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၉

အစ္စရေးက “စစ်ပွဲအခြေအနေ” လို့ ကြေညာခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့်လုပ်ဆောင်နေပါတယ်။

လက်ဘနွန်လက်နက်ကိုင် ဟစ်ဇဘိုလာ အဖွဲ့က Shebaa ကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အစ္စရေးကလည်း အမြောက်တွေနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာကမ်းမြှောင်ဒေသကို “စွန့်ခွါကျွန်း” အဖြစ် ပြောင်းလဲပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ပါလစတိုင်းပြည်သူအများအပြားက စိုးရိမ်နေကြပါတယ်။

စစ်ပွဲအတွင်း သေဆုံးသူ ပါလက်စတိုင်း ၄၁၃ ဦး ရှိကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး အစ္စရေးမှာ ၇၀၀ ကျော်သေဆုံးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။.

ဟားမတ်စ်အဖွဲ့ကို ပြစ်တင်ရှုတ်ချဖို့ အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြိုးပမ်းခဲ့ပေမယ့် ရုရှားဦးဆောင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကြောင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။

အစ္စရေးနိုင်ငံအတွင်း ဟားမတ်စ်တို့ရဲ့ မကြုံစဖူးတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အီရန်က ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အစ္စရေးတောင်ပိုင်းက အဓိက နေရာသုံးခုမှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေးတပ်ဖွဲ့တို့ကြား သေနတ်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်း ၁၂၃,၅၃၈ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် အစ္စရေးအကြီးတန်းအရာရှိတွေအပါအဝင် လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဟားမတ်စ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်တို့နဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ ဂါဇာအနီးမှာ အရန်တပ်သား ၁၀၀,၀၀၀ ကို စုဆောင်းထားတယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နိုင်ငံရဲ့ လုံခြုံရေး ဝန်ကြီးအဖွဲ့က ဟားမတ်စ်ကို စစ်ကြေညာပြီးတဲ့နောက်မှာ အစ္စရေး တပ်ဖွဲ့တွေက ဂါဇာကို ဆက်တိုက်ထိုးစစ်ဆင်နေပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက “တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စေ့စပ်ညှိနှိုင်းမှုတွေဆီကို သွားဖို့” လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စုက အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အဆောက်အအုံတွေကို ထိခိုက်နိုင်တဲ့ အကြမ်းဖက်မှုတွေ အရှိန်လျော့ဖို့နဲ့ ရှောင်ရှားကြဖို့ နှစ်ဘက်စလုံးကို တောင်းဆိုထားပါတယ်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့က လူတွေဟာ စနေနေ့က ဟားမတ်စ်တွေရဲ့ ထိုးစစ်စတင်ချိန်ကစပြီး သူတို့ရဲ့အိမ်တွေကနေ စတင်စွန့်ခွာလာကြတယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ်ရဲ့ အံအားသင့်ဖွယ်တိုက်ခိုက်မှုအပြီးမှာ အစ္စရေးကို ထောက်ခံမှုပြသတဲ့အနေနဲ့ လေယာဉ်တင်သင်္ဘောတွေကို အစ္စရေးထံ နီးကပ်စွာ စေလွတ်သွားမယ်လို့ အမေရိကန်က ပြောပါတယ်။

ပါလက်စတိုင်းကို ထောက်ခံအားပေးဖို့ အမေရိကန် ချီကာဂိုမြို့မှာ ဆန္ဒပြပွဲတွေ ဒီနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။