Trending Now

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ရက်အတွင်း လူ ၁၉၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါ စံချိန်တင် ကူးစက်ခံရ

Spread the love

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ရက်အတွင်း လူ ၁၉၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါ စံချိန်တင် ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ မေ ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၁၈၇၃ ထပ်မံ တွေ့ရှိခြင်းကြောင့် မတ်လ ၈ ရက်နောက်ပိုင်း တစ်ရက် အတွင်း အမြင့်ဆုံး ကူးစက်မှုနှုန်း ုဖြစ်လာခဲ့ကာ အတည်ပြု ဓာတ်ခွဲလူနာအရေ အတွက်မှာ ၃၂၀၇၈ ဦးအထိ ရှိလာခဲ့ပြီဟု ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဉီးက ရုပ်သံသ တင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လူနာ ၂၀ ဦး ထပ်မံသေဆုံးခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၅၂ ဦး အထိ မြင့်တက် လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေး ညွှန်ကြားမှာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နာစီမာဆူလ်တန်ညာက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ပြီးခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှု ၁၀၈၃၄ ကြိမ် လုပ်ဆောင်ခဲ့ ကြောင်း ၎င်းက ပြောသည်။

မေလ ၂၁ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁၇၇၃ မှုမှာ အမြင့်ဆုံး ကူးစက်မှုနှု န်းဖြစ်ကြောင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံက အစောပိုင်းတွင် ကြေညာခဲ့သည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း လူနာ ၂၉၆ ဦး ကို ဆေးရုံများ၊ ဆေးခန်းများမှ ဆင်းခွင့်ပြုခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ရောဂါပြန်လည်သက်သာလာသူ အရေအတွက်မျာ ၆၄၈၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ကိုးကား
–ဆင်ဟွာ—-
Ref; Bangladesh records highest daily jump with 1,873 new COVID-19 cases, tally reaches 32,078


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။