Trending Now

မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ

Spread the love

မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၃ (၂၀၂၃)

အလေးမ အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာ ၁၂ရက်နေ့၊ နံနက် ၉ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များအဖြစ် အမျိုးသား/ အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြရာ အမျိုးသမီး(၄၅) ကီလိုတန်း ပြိုင်ပွဲတွင် မယဉ်ယဉ်ထွေး(ပဲခူး)က ပထမ၊ မချိုဇင်မြင့်(မကွေး)က ဒုတိယ၊ မခိုင်သဇင်အောင် (ဧရာဝတီ) ကတတိယနှင့် အမျိုးသား (၅၅) ကီလိုပြိုင်ပွဲတွင် မောင်ထက်အာကာဖြိုး (မကွေး) က ပထမ၊ မောင်ပြည့်စုံဦး (ဧရာဝတီ) က ဒုတိယနှင့် မောင်မျိုးမင်းထက် (ဧရာဝတီ) က တတိယရရှိကြပြီး မောင်ထက်အာကာဖြိုး (မကွေး) သည် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲ သတ်မှတ် စံချိန် (၉၅) ကီလိုကို (၉၆) ကီလိုဖြင့် အမြန်စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့် ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို စက်တင်ဘာ ၁၂ရက်နေ့မှ စက်တင်ဘာ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၁ သင်း၊ ပြိုင်ပွဲဝင်အင်အား စုစုပေါင်း ၁၇၂ ဦး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်၍ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။