Trending Now

နွေရာသီမှာ ကျန်းမာအောင်

Spread the love

နွေရာသီမှာ ကျန်းမာအောင်

EPN
ကျန်းမာရေး၊ မတ် ၉

နွေရာသီက ခရီးသွားလို့ကောင်းသလိုပျော်စရာကောင်းတဲ့ သင်္ကြန်ပွဲတော်လည်းရှိနေပြန်တော့ ပျော်စရာကောင်းတဲ့ရာသီတစ်ခုပါပျော်စရာကောင်းသလိုနွေရာသီက အနေမတတ်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ကျန်းမာအောင်ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာလေးကိုပြောပြပေးပါရစေ။

ရေဓါတ်ပြည့်ဝအောင်နေပါ

ရေဓါတ်ပြည့်ဝနေမှ ခန္ဓါကိုယ်ကရေဓါတ်ဆုံးရှုံးမှုကင်းပြီး ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်မှာပါ။ ပူပြင်းတဲ့ရာသီဥတုမှာ တစ်နေ့ကိုရေ ၈ ခွက်ကနေ ၁၀ ခွက်အထိသောက်သုံးပေးပါ။

လတ်ဆတ်တဲ့အရာတွေကိုပဲစားပေးပါ

နွေရာသီမှာ လတ်ဆတ်တဲ့အစားအသောက်တွေကိုပဲ စားသုံးမိဖို့အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကစလို့ ထမင်း၊ဟင်းတွေပါမကျန် လတ်ဆတ်သန့်ရှင်းနေတာမျိုးကိုစားသုံးပေးပါ။ သန့်ရှင်းမှုအားနည်းတဲ့ အစားအသောက်မျိုးကိုမစားပါနဲ့။ လက်လုပ်ချဉ်တွေ၊ ယင်နားစာတွေကိုရှောင်ပါ။ အမှည့်လွန်နေတဲ့ အသီးတွေကိုလည်း မစားပါနဲ့။

ပင်ပင်ပန်းပန်းလုပ်တာမျိုးကိုရှောင်ပါ

နွေရာသီမှာ မဖြစ်မနေ ပင်ပင်ပန်းပန်းအလုပ်လုပ်ရမယ်ဆိုရင်တောင် ဦးထုပ်ဆောင်းထားတာမျိုး အင်္ကျီလက်ရှည်ဝတ်ထားတာမျိုးလုပ်ပါ။ရေကိုပြည့်ပြည့်ဝဝသောက်ပေးပါ။လေ့ကျင့်ခန်းလုပ်သူ တွေအနေနဲ့လည်း ပင်ပင်ပန်းပန်းလေ့ကျင့်ခန်းလုပ်တာမျိုးမလုပ်ပါနဲ့။ တတ်နိုင်သမျှ သက်တောင့်သက်သာနေပါ။


အစားအသောက်တွေကိုဂရုစိုက်ပါ

အပူဒဏ်ကို အံတုနိုင်ဖို့အတွက် အာဟာရပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။နွေရာသီမှာ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွားသီး၊ မုန်လာဥဖြူတွေလိုမျိုးရေဓါတ်ပြည့်ဝစေမယ့် အစားအသောက်တွေကို စားသုံးပေးပါ။ အဆီများတဲ့အစားအသောက်တွေ၊သွေးတိုးစေနိုင်မယ့် အစားအသောက်မျိုးတွေကို မစားမိအောင်သတိပြုပါ။ အချဉ်ဖောက်ထားတဲ့အစားအသောက်တွေ၊လက်လုပ်ချဉ်တွေကို မစားမိအောင်သတိပြုပါ။

ရေချိုးဆင်ခြင်ပါ

ပူလို့ဆိုပြီး အပြင်ကပြန်လာလာချင်းခြေလက်တွေရေဆေးတာ၊ရေချိုးတာမျိုး မလုပ်ပါနဲ့။နောက်တစ်ခုက အလွယ်တကူရေခဲရေသောက်လိုက်တာမျိုးမလုပ်ပါနဲ့။ အရမ်းပူရင် ယပ်ခတ်ပေးတာမျိုးလောက်ပဲလုပ်ပေးပါ။

သတိထားရမယ့် အချက်တွေက

-အပူထဲကပြန်လာလာချင်း အဲကွန်းဖွင့်ထားတဲ့ အခန်းထဲမဝင်ပါနဲ့။
-အပြင်ကပြန်လာပြီးပြီးချင်းရေခဲရေမသောက်ပါနဲ့။
-နေ့ခင်းဘက်ရေချိုးတာ၊ခေါင်းလျှော်တာမျိုးမလုပ်ပါနဲ့။
-အပြင်သွားတိုင်း ထီးယူသွားပါ။
-သက်တောင့်သက်သာရှိတဲ့ ချည်ထည်အဝတ်အစားတွေကို ဝတ်ဆင်ပါ။
-အပူစုပ်တဲ့ အနက်ရောင်၊ နက်ပြာရောင်လိုမျိုးအရောင်တွေမဝတ်ပါနဲ့။
-အပြင်ထွက်တဲ့အခါနေလောင်ကာခရင်မ်လူးသွားပါ။ ချည်သားအင်္ကျီလက်ရှည်ဝတ်ဆင်ပေးပါ။
-သွားလေရာကိုရေဗူးယူသွားဖို့သတိရပါ။
-နေ့ခင်းဘက်တွေကို အရိပ်ရတဲ့နေရာမှာပဲနေပါ။
-နာတာရှည်ရောဂါတစ်မျိုးမျိုးကြောင့်ဆေးသောက်သုံးနေရသူတွေအနေနဲ့ရေဓါတ်ပြည့်ဝအောင်နေပါ။
-အဆီများတဲ့အစားအစာ၊သွေးတိုးစေနိုင်တဲ့အစားအသောက်မျိုးတွေကို မစားပါနဲ့။
-အရည်ရွှမ်းတဲ့ အသီးအနှံတွေများများစားပေးပါ။
-ချွေးထွက်များပြီး ခန္ဓါကိုယ်ပင်ပန်းစေမယ့်ပြင်းထန်တဲ့လှုပ်ရှားမှုတွေမလုပ်ပါနဲ့။

Source – HSW


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။