Trending Now

ရှိန်းခေါင်ဒေသဘက်တွင် ရေခဲကျဆင်းမှု ယခုနှစ်နည်းပါး

Spread the love

ရှိန်းခေါင်ဒေသဘက်တွင် ရေခဲကျဆင်းမှု ယခုနှစ်နည်းပါး

EPN
ပူတာအို၊ ဇန်နဝါရီ ၁၂ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ရှိန်းခေါင် ဒေသဘက်တွင် ယခုနှစ် ရေခဲကျဆင်းမှုး နည်းပါးလာကြောင်း ရှိန်းခေါင်ဒေသခံများထံမှ သိရသည်။

ပူတာအိုခရိုင်၊ မဂွေဇ၊ ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသတို့တွင် နှစ်စဉ် ရေခဲကျဆင်းမှုပမာန ယခုနှစ်တွင် လျော့နည်းလာကြောင်း ရှိန်းခေါင်ဒေသခံပြည်သူတ၏်ဦက ပြောသည်။

” ကျွန်တော်တို့ ဒေသဘက်မှာ ရေခဲကျဆင်းမှုကတော့ ပုံမှန်မရှိဘူး။ လေးငါးနှစ်မှတစ်ကြိမ် ရေခဲများတာတွေ ဖြစ်တယ်။ ဒီနှစ်မှာတော့ နည်းတယ်လို့ ပြောလို့ရတယ် ” ဟု ၎င်းကရှင်းပြသည်။

ကချင်ပြည်နယ်အတွင်း သဘာဝ ရေ၊ မြေ၊ တောတောင်နှင့် မြစ်ချောင်းအင်းအိုင်များ သဘာဝသစ်တောများ ပြုန်းတီးမှုများ ရှိလာခဲ့၍ ဆယ်စုနှစ်တစ်စုအတွင်း ရေခဲကျဆင်းမှု ဧရိယာ လျော့နည်းလာခြင်းဖြစ်ကြာင်း သဘာဝပတ်ဝန်းကျင် လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

” အရင်တုန်းကတော့ ကျွန်တော်တို့ပြည်နယ်က ရာသီဉတု ကောင်းတယ်။ နွေရယ်လို့မရှိဘူး ဆောင်းနဲ့ မိုးဉတုပဲ ရှိတာ။ ဆယ်စုနှစ် တစ်ခုအတွင်းမှာ သဘာဝ ရေ၊ မြေ၊ တော၊ တောင် ၊ သစ်တောတွေ၊ မြစ်ချောင်းတွေ ပြုန်းတီးပျက်စီးလာတော့ ရေခဲတောင်တွေမှာ ရေခဲကျဆင်းမှု လျော့နည်းလာသလို ရေခဲဧရိယာတွေလည်း နှစ်စဉ်လျော့လာခြင်းဖြစ်တယ် ” ဟု ၎င်းကရှင်းပြသည်။

ကချင်ပြည်နယ်အတွင်းရှိ ရေခဲတောင်များတွင် နှစ်စဉ် ဒီဇင်ဘာလမှ မတ်လအထိ ရေခဲနှင့် မြူနှင်းများ ကျဆင်းချိန်ဖြစ်ပြီး၊ အနယ်နယ်အရပ်ရပ်မှ ရေခဲတောင်တက် ခရီးသည်များလည်း လည်ပတ်သည့် ‌ ပြည်နယ်တစ်ခုလည်း ဖြစ်သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။