Trending Now

ဖားကန့်မြို့နယ်တွင် အနှိပ်ခန်းပိုင်ရှင်အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် တစ်စုမှ သေနတ်ဖြင့် လာရောက် ပစ်သတ်သွား

Spread the love

ဖားကန့်မြို့နယ်တွင် အနှိပ်ခန်းပိုင်ရှင်အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် တစ်စုမှ သေနတ်ဖြင့် လာရောက် ပစ်သတ်သွား

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၂ နာရီခန့်က အနှိပ်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်စုမှ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသားမှာ မရှီကထောင်ရပ်ကွက်၊ စာသင်ကျောင်း အနောက် နေအိမ်တွင်ရှိနေစဥ် လက်နက်ကိုင်အဖွဲ့ တစ်စုမှ ပါကျဲရိုးကားဖြင့် လာရောက်ကာ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောပြသည်။

“ညမိုးချုပ်ကြီးကို ကားတစ်စီးနဲ့ လူတစ်စုလာခဲ့တာ၊ သေနတ်အရှည်တွေရော ပါလာကြတယ်၊ အတိုနဲ့ ထောက်ပြီး ပစ်သွားတယ်ပြောတယ်၊ သူကိုတပ်မတော်နဲ့ ဆက်စပ်လို့ဆိုပြီးပစ်တယ်လို့ ပြောကြတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူမှာ အသက် ၄၅ နှစ်ခန့်အရွယ် ကိုဝင်းကို ဆိုသူဖြစ်ကာ မရှီကထောင်နှင့် ငှက်ပျောတောဘက်များတွင် အနှိပ်ခန်းလုပ်ငန်းများ လုပ်ကိုင်သူဖြစ်ပြီး ၎င်း၏ ဘယ်ဘက် ရင်အုံ သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

အလားတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ကလည်း မှော်စီစာကျေးရွာရှိ KTV တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စုမှ ဖေါက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင်း KTV သို့ ရောက်ရှိနေသည့် တပ်မတော်မှ အရာရှိတစ်ဦး သေဆုံးကာ၊ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။