Trending Now

ဂြိုဟ်တု ၈ လုံး တင်ဆောင်ထားတဲ့ ပြည်တွင်းဖြစ် ဒုံးပျံကို တောင်းကိုရီးယားက အောင်မြင်စွာ လွတ်တင်နိုင်ခဲ့

Spread the love

ဂြိုဟ်တု ၈ လုံး တင်ဆောင်ထားတဲ့ ပြည်တွင်းဖြစ် ဒုံးပျံကို တောင်းကိုရီးယားက အောင်မြင်စွာ လွတ်တင်နိုင်ခဲ့

EPN

နိုင်ငံတကာ၊ မေ ၂၆

တောင်းကိုရီးယားနိုင်ငံဟာ ဒုတိယအကြိမ်မြောက် ပြည်တွင်းဖြစ်ဒုံးပျံကို မေလ ၂၅ ရက်နေ့က အောင်မြင်စွာလွတ်တင်နိုင်ခဲ့ပြီး ဂြိုဟ်တု ၈ လုံးကို ပတ်လမ်းအတွင်းသို့ သယ်ဆောင်သွားခဲ့ပါတယ်။

နျူရီ လို့ အမည်ပေးထားတဲ့ Korea Space Launch Vehicle (KSLV)-II ဒုံးပျံကို ဂူယောင်ခရိုင်အတွင်းရှိ Naro Space Center ကနေ ညနေ ၆ နာရီ ၂၄ မိနစ်ခန့်မှာ လွတ်တင်ခဲ့တာဖြစ်ပါတယ်။

ယမန်နှစ် ဇွန်လအတွင်းက ဒုံးပျံဂြိုလ်တု စွမ်းဆောင်ရည် စစ်ဆေးတဲ့ ဂြိုလ်တုကို တောင်ကိုရီးယားက ပတ်လမ်းထဲသို့ အောင်မြင်စွာလွတ်တင်နိုင်ခဲ့ပြီးနောက် နျူရီ ဒုံးပျံကို ဒုတိယအကြိမ် အောင်မြင်စွာ လွတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ ဝမ် ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ) နီးပါးကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရင်းနှီးမြှပ်နှံခဲ့ပြီး ဂြိုလ်တုကို ကမ္ဘာမြေ ပတ်လမ်းအတွင်း သယ်ဆောင်းသွားနိုင်တဲ့ အာကာသယာဉ်ကို တီထွင်နိုင်ခဲ့ပါတယ်။

နျူရီဒုံးပျံကို ပထမအဆင့်မှာ ၇၅ တန်အဆင့် အရည်အင်ဂျင်လေးခု၊ ဒုတိယအဆင့်မှာ ၇၅ တန်အဆင့် အရည်အင်ဂျင်တစ်လုံးနဲ့ တတိယအဆင့်မှာ ၇ တန်အဆင့် အရည်အင်ဂျင်တွေ တပ်ဆင်ထားပါတယ်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။