Trending Now

ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးမှုနဲ့ အလိုရှိတရားခံပြေးကို မြန်မာနိုင်ငံက ထိုင်းနိုင်ငံသို့ လွဲပြောင်းပေးအပ်

Spread the love

ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးမှုနဲ့ အလိုရှိတရားခံပြေးကို မြန်မာနိုင်ငံက ထိုင်းနိုင်ငံသို့ လွဲပြောင်းပေးအပ်

EPN
မြစ်ကြီးနား၊ မတ် ၁၁

ထိုင်းနိုင်ငံက မူးယစ်အမှုနဲ့အလိုရှိတရားခံပြေး Mr.JetsadaYaping(ခ)ကျေး(ခ)လီဖာကို မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲက ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ထံသို မတ်လ ၉ ရက်နေ့က လွဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက မူးယစ်အမှုနဲ့ အလိုရှိဆုံး တရားခံပြေး လီဖာကို မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က တာချီလိတ်မြို့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

လီဖာကို ရှမ်းပြည်နယ်ယစ်မျိုးအမိန့် အပိုဒ်- ၃ အရ ထောင်ဒဏ် ၂ လ နှင့် မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၁၃(၁)အရ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခံခဲ့ရ ကျိုင်းတုံအကျဉ်းထောင်မှာ ပြစ်ဒဏ်ချမှတ်ထားခဲ့ပါတယ်။

ပြစ်ဒဏ်ကျခံခဲ့ရာကနေ ပြန်လည်လွတ်မြောက်လာတဲ့အတွက် အဆိုပါထိုင်းနိုင်ငံသား လီဖာကို မတ်လ ၉ ရက်နေ့က တာချီလိတ်မြို့မှာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ တွေ့ဆုံကာ တည်ဆဲဥပဒေများနဲ့အညီ ပြန်လည် လွဲပြောင်းပေးအပ်ခဲ့တာလို့ သိရပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။