Trending Now

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်ချိန်မှာ မြောက်ကိုရီးယားရေငုပ်သင်္ဘောက ဒုံးကျည်တွေ ပစ်လွှတ်ခဲ့

Spread the love

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်ချိန်မှာ မြောက်ကိုရီးယားရေငုပ်သင်္ဘောက ဒုံးကျည်တွေ ပစ်လွှတ်ခဲ့

EPN
နိုင်ငံတကာ၊ မတ် ၁၃

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်ရန် စီစဉ်နေချိန်မှာ မြောက်ကိုရီးယား ရေငုတ်သင်္ဘေကနေ နျူလက်နက် သယ်ဆောင်နိုင်တဲ့ ခရုဇ်ဒုံးကျည်နှစ်စင်းကို တနင်္ဂနွေနေ့က စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA ပြောကြားခဲ့ပါတယ်။

ဒီပစ်လွတ်မှုဟာ ရေငုတ်သင်္ဘောတွေရဲ့ ရေအောက်ထိုးစစ်ဆင်မှု တစ်စိပ်တစ်ပိုင်းအဖြစ် ဒုံးကျည် စနစ်ရဲ့ ယုံကြည်စိပ်ချရမှုကို စမ်းသပ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်း KCNA ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒုံးကျည်နှစ်စင်းဟာ ကီလိုမီတာ ၁၅၀၀ (၉၃၂ မိုင်) ခန့် ခရီးနှင်ခဲ့ပြီး ပင်လယ်ပြင်ရှိ ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ KCNA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒုံးကျည်ပစ်လွတ်မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယား ပူတွဲစစ်ဦးစီးချုပ်ရုံးက စစ်တပ်ကို ပြင်းထန်စွာ သတိပေးထားပြီး အသေးစိတ်အချက်အလက်တွေကို စုံစမ်းဖို့ အမေရိကန်နဲ့ ပူးတွဲလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့က “Freedom Shield 23” လို့ အမည်ပေးထားတဲ့ ၁၁ ရက်ကြာ ပူတွဲစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်ဖို့စီစဉ်ထားပြီး ၂၀၁၇ ခုနှစ်ကတည်းက မမြင်တွေ့ရတော့တဲ့ စစ်အင်အားနဲ့ လေ့ကျင့်သွားမယ်လို့ သိရပါတယ်။

ရေငုပ်သင်္ဘော ဒုံးကျည်ပစ်လွှတ်မှုဟာ “အမေရိကန် နယ်ချဲ့တွေနဲ့ တောင်ကိုရီးယား ရုပ်သေးတပ်ဖွဲ့ဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို တစ်စထက်တစ်စ ထိပါးလာမှုအပေါ် သတိပေးဖို့ ရည်ရွယ်ထားတယ်” လို့ မြောက်ကိုရီးယားက ပြောပါတယ်။

တောင်းကိုရီးယားနဲ့ အမေရိကန်တို့ ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မတွေအပေါ် မြောက်ကိုရီးယားက ကျူကျော်စစ်အတွက် အစမ်းလေ့ကျင်မှုအဖြစ် သတ်မှတ်ထားပြီး ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ စံချိန်တင် ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။