Trending Now

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း တရုတ်နိုင်ငံ၌ အငြင်းပွားဖွယ် ခွေးသားစားပွဲတော် စတင်ကျင်းပ

Spread the love

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း တရုတ်နိုင်ငံ၌ အငြင်းပွားဖွယ် ခွေးသားစားပွဲတော် စတင်ကျင်းပ

EPN
နိုင်ငံတကာ၊ ဇွန် ၂၃

တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများ၏ ကန့်ကွက်မှုများရှိလင့်ကစား ခွေးထောင်ပေါင်းများစွာကို သတ်ဖြတ်စား သုံးသည့် ယူလင်ခွေးသားစားပွဲတော်ကို တရုတ်နိုင်ငံတွင် စတင်လိုက်ပြီဖြစ်သည်။

တရုတ်အစိုးရက ခွေးသားစားသည့် အလေ့အထကို အားမပေးခဲ့ဘဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမဖြစ်ပွားစေရန် တိရစ္ဆာန်များပြုစုစောင့်ရှောက်ရေးကို တွန်းအားပေးလျက်ရှိသည်။

နှစ်စဉ် ၁၀ရက်ကြာ ကျင်းပလေ့ရှိသည့် တရုတ်ပြည် အနောက်တောင်ပိုင်းရှိ ယူလင်ပွဲတော်သည် နှစ်စဉ်ထောင် နှင့်ချီသော ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ခဲ့ပြီး အဆိုပါ ခရီးသွားများက ကျဉ်းကြပ်သည့်အိတ်ထဲတွင် ထည့်ထားသည့် ခွေးများကို ဝယ်ယူပြီး ၎င်းတို့၏ အသားနှင့် ပြုလုပ်သည့် ဟင်းပွဲများကို မှာယူစားသုံးကြကြောင်း ရိုက်တာသတင်းဖော်ပြထားသည်။

ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုမှာ ကျဆင်းခဲ့ပြီးနောက် တိရစ္ဆာန်အရေးတက်ကြွလှုပ်ရှားသူ များက အဆိုပါနေ့ရက်များကို မျှော်လင့်နေခဲ့ကြခြင်းပဲဖြစ်သည်။

တိရစ္ဆာန်များ၏ အခွင့်အရေးများသာမက လူအများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက်ပါ ယူလင်ပွဲ တော်ကို ပြောင်းလဲရမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် နှစ်စဉ် ခွေးကောင်ရေ ၁၀သန်းနီးပါး သတ်ဖြတ်ခံနေရကြောင်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယူလင်ပွဲတော်အတွက် အသုံးပြုသည့် ခွေးများမှာ လမ်းများမှာရှိသည့် ခွေး များနှင့် အိမ်များမှ ခွေးများကို ခိုးယူထားသည့် ခွေးများဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြီးတွင် ခွေးများ၏အမျိုးအစားများကို ခွဲခြားသတ်မှတ်ခဲ့ပြီး တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုနှင့်အိမ်မွေးတိရိစ္ဆာန်များကို အကာအကွယ်ပေးရန်ဥပဒေအသစ်များကို ထည့်သွင်းပြဌာန်းရန်လည်း တရုတ်အစိုးရက စီစဉ်လျက်ရှိသည်။

–ကိုးကား–
အိန္ဒိယတူဒေး
Ref; Despite Covid-19, the Controversial Yulin Dog Meat Festival Kicks Off in China


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။