Trending Now

ဝိုင်းမော်မြို့နယ်အတွင်း၌ ‌တောင်ယာသိမ်းချိန်အတွင်း ပစ်ခက်မှု မပြုလုပ်ရန် ဒေသခံများမှ တာဝန်ရှိသူများထံ အသနားခံစာ တင်ပြတောင်းဆို

Spread the love

ဝိုင်းမော်မြို့နယ်အတွင်း၌ ‌တောင်ယာသိမ်းချိန်အတွင်း ပစ်ခက်မှု မပြုလုပ်ရန် ဒေသခံများမှ တာဝန်ရှိသူများထံ အသနားခံစာ တင်ပြတောင်းဆို

EPN
ဝိုင်းမော်၊ ဇန်နဝါရီ ၁၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်၊ အောင်မြေ (၁)၊ ခါးရှီ၊ အင်းလေး၊ ဆဒုံး၊ ခတ်ချို စသည့် ဒေသများမှ တောင်သူလယ်သမားများ၏ တောင်ယာသိမ်းချိန်အတွင်း ပစ်ခိုက်တိုက်ပွဲများ မဖြစ်ပွားပေးကြရန် သက်ဆိုင်တာဝန်ရှိသူများထံ အသနားခံစာတင်ပြ တောင်းဆိုထားကြောင်း ဝိုင်းမော်မြို့နယ် ‌အောင်မြေ (၁) ဒေသခံများထံမှ သိရသည်။

ပွင့်လင်းရာသီအချိန်တွင် မိမိတို့၏ ကောက်ပဲသီးနှံများ စိုက်ပျိုးရိတ်သိမ်းချိန်အတွင်း၌ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းများ မပြုလုပ်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို အသနားခံစာ တင်ပြတောင်းဆိုထားကြောင်း အောင်မြေ (၁) နေထိုင်သူ ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

” တိုက်ပွဲတွေ ဖြစ်လာရင် ကျွန်တော်တို့ တောင်သူတွေအတွက် အရမ်းခက်ခဲကုန်မှာ စပါး၊ ပဲ၊ နှမ်း၊ ပြောင်းတွေ သိမ်းဖို့ ခက်မှာလေ။ အဲ့ဒါကြောင့် အခုကာလအတွင်းမှာ မဖြစ်ပေးကြဖို့ ဒေသခံတွေစုပြီး အသနားခံစာ တင်ပြနေရတယ်။ တိုက်ပွဲများ ဖြစ်လာရင် ကျွန်တော်တို့တော့ နေစရာမရှိ၊ စားစရာမရှိ၊ ကလေးတွေလည်း ပညာရေးနောက်ကျကုန်မယ်။ မဖြစ်ကြပါစေနဲ့ပဲ ဆုတောင်းနေရတယ် ” ဟု ၎င်းကရှင်းပြသည်။

ဝိုင်းမော်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကစ၍ မြစ်ကြီးနား – ဗန်းမော် ကားလမ်းတွင် တပ်မတော်နှင့် KIA လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ယင်းလမ်းပိုင်အား လက်ရှိအချိန်ထိ ပိတ်ပင်ထားပြီး တိုက်ပွဲရှောင်ပြည်သူများလည်း ဘေးလွတ်ရာ သို့ ရွေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။