Trending Now

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု ၉၀ ရာခိုင်နှုန်းသည် အသက် ၇၀ နှစ်အထက်လူနာများဖြစ်ကြောင်း ဂျပန် ကျမ်းမာရေးဝန်ကြီးဌာနပြော

Spread the love

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု ၉၀ ရာခိုင်နှုန်းသည် အသက် ၇၀ နှစ်အထက်လူနာများဖြစ်ကြောင်း ဂျပန် ကျမ်းမာရေးဝန်ကြီးဌာနပြော

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ၉၀ ရာခိုင်နှုန်းကျော်သည် အသက် ၇၀ နှင့် အထက် လူနာများ ဖြစ်ကြောင်း ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုခဲ့ကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းဌာနက ဖော်ပြထားသည်။

နိုင်ငံတစ်ဝှမ်းရှိ စည်ပင်သာယာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉၆၀ ဦးရှိကြောင်း ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါသေဆုံးခဲ့သည့် လူနာများအနက် ၂၉.၄ ရာခိုင်နှုန်းသည် အသက် ၉၀ နှစ်နှင့် အထက်များဖြစ်ပြီး ၄၃.၂ ရာခိုင်နှုန်းမှာ အသက် ၈၀ ဝန်းကျင်များဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ယင်းနောက် အသက် ၇၀ တွင် ၁၈ ရာခိုင်နှုန်း၊ အသက် ၆၀ တွင် ၅ ရာခိုင်နှုန်း၊ အသက် ၅၀ နှစ်တွင် ၂.၈ ရာခိုင်နှုန်း၊ အသက် ၄၀ ဝန်းကျင်တွင် ဝ.၉ ရာခိုင်နှုန်း၊ အသက် ၃၀ တွင် ဝ.၄ ရာခိုင်နှုန်းနှင့် ဝ.၂ ရာခိုင်နှုန်းသည် အသက် ၂၀ အရွယ်များဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် အသက် ၂၀ နှစ်အောက် လူနာများတွင် သေဆုံးမှုမရှိကြောင်း ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့အထိ အသက် ၆၅ နှစ်နှင့်အထက် လူ ၃၀ ရာခိုင်နှုန်းခန့်သည် တတိယမြောက် ကာကွယ်ဆေးထိုးနှံမှုကို ရရှိထားပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံ အစိုးရမှ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ခြောက်လကျော်က ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့သူများကို တတိယအကြိမ်ထိုးနှံလိုသော ပြည်သူများအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်ရန် စည်ပင်သာယာရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။

— ကိုးကား —
NHK
Ref; 90% of recent deaths from coronavirus involved patients aged 70+


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။