Trending Now

အလောင်းတော် ကဿပ အမျိုးသား သစ်တော ဥယျာဉ်ထဲက တရားမဝင် ခိုးထုတ်သယ်ယူလာတဲ့ သစ်ကား ၁၁ စီး ဖမ်းဆီးရမိ

Spread the love

အလောင်းတော် ကဿပ အမျိုးသား သစ်တော ဥယျာဉ်ထဲက တရားမဝင် ခိုးထုတ်သယ်ယူလာတဲ့ သစ်ကား ၁၁ စီး ဖမ်းဆီးရမိ

EPN
ယင်းမာပင် ၊ မတ် ၁၂

စစ်ကိုင်းတိုင်း ၊ ယင်းမာင်းမြို့နယ်နဲ့ ကနီမြို့အကြားမှာရှိတဲ့ အလောင်းတော် ကဿပ အမျိုးသား သစ်တော ဥယျာဉ်ပိုင် ကြိုးဝိုင်းထဲကနေ တရားမဝင် ခုတ်လှဲထုတ်ယူလာတဲ့ ပိတောက်သစ်ကား ၁၁ စီကို မုံရွာ ယာကြီး ကလေးဝ ကားလမ်းမှာ မတ် ၁၁ ရက် ၊ မနေ့က ညနေပိုင်းမှာ သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ သစ်တောရေးရာ အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

” ကားကြီးရော ၊ ကားလေးရောပါတယ် ၊ ကား ၁၁ စီး ၊ ပိတောက်သစ်ခွဲသား တန်ချိန် ၃၀ နဲ့ လူ ၁၆ ယောက်ကို ယင်းမာပင်မြို့နယ် ၊ ဂွေးချောင်းရွာနားက မုံရွာ ယာကြီး ကလေးဝ ကားလမ်းမှာ ဖမ်းမိတာ ” လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုလို တရားမဝင် သစ်တွေ သယ်ယူလာတဲ့ မုံရွာ ယာကြီး ကလေးဝ ကားလမ်းဟာ မိုင်းအန္တရာယ်တွေရှိနေတာကြောင့် ခရီးသွားလာမှုနဲ့ ကုန်သွယ်မှုတွေ ပြတ်တောက်နေတာ တစ်နှစ်နီးပါး ရှိနေတာဖြစ်ပါတယ်။

” ပြီးခဲ့တဲ့နှစ်တုန်းက အစိုးရဆီက သစ်လေလံ အောင်လို့ ပုံစံသစ်တွေ အဲ့ဒီဘက်ကို သွားတယ် ၊ စာရွက်စာတမ်း ခိုင်လုံစွာနဲ့ပေါ့ ၊ လက်နက်ကိုင်ထားတဲ့ PDF အယောက် ၂၀ လောက်ရောက်လာပြီး ၊ ဒေါက်တိုင်တွေရဲ့ သစ်တွေ NUG ဆီမှာ အခွန်ဆောင်မထားဘူးဆိုပြီး ကားရော ပစ္စည်းတွေပါ မီးရှို့ဖျက်ဆီးပြစ်တယ် ၊ ပုလဲနယ်ဘက်မှာဆို ကားသမားတွေပါ သတ်ပစ်တာ ၊ အကြမ်းဖက်အဖွဲ့တွေက သူတို့နဲ့ အဆင်ပြေတဲ့ သစ်သမားတွေကိုပဲ ခွင့်ပြုပေးတာ ” လို့ သစ်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးရမိတဲ့ သစ်ကား ၁၁ စီး ၊ သစ်တန်ချိန် ၃၀ ကျော်နဲ့ လူ ၁၆ ယောက်ကို ယင်းမာပင်ခရိုင် သစ်တောရေးရာဌာနက အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။