Trending Now

ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ဒေါ်လာ ၃၇၅ သန်း အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂပြော

Spread the love

ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ဒေါ်လာ ၃၇၅ သန်း အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂပြော

EPN
နိုင်ငံတကာ၊ မေ ၂၄

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့မှာရှိတဲ့ သန်းနှင့်ချီသော ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြား ကယ်ဆယ်ရေး အထောက်အပံ့များ ရရှိရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၇၅ သန်း လိုအပ်ကြောင်း ကုလသမဂ္ဂက မေလ ၂၃ ရက် က ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနောက်ခြမ်းနဲ့ မြန်မာနိုင်ငံ အနောက်ဘက် ပြည်နယ်တွေမှာ မေလ ၁၄ ရက်နေ့က ဆိုင်ကလုန်း မိုချာ မုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး လူပေါင်း ရာနဲ့ချီ သေဆုံးပြီး ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂက အပိုရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂၂ သန်းနဲ့ လက်ရှိရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၁၁ သန်းကို ဆိုင်ကလုန်းမုန်တိုင်း တုံ့ပြန်ရေးအတွက်အသုံးပြဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အတွက် သီးခြား အမေရိကန်ဒေါ်လာ ၄၂ သန်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

“ရေဘေးသင့်ရပ်ရွာအားလုံးမှာ ဘေးကင်းတဲ့ အမိုးအကာတွေ ပေးဆောင်ဖို့နဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါပြန့်ပွားမှုကို ကာကွယ်ဖို့ အခုအချိန်နဲ့ ပြိုင်ဆိုင်နေရပါတယ်” လို့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ramanathan က ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်မြင့်မာတာကြောင့် လူအများအပြားကို ကယ်တင်နိုင်ခဲ့ပေမယ့် အခြေခံအဆောက်အအုံနဲ့ လူနေအိမ်တွေ ဆိုးရွားစွာ ပျက်စီးခဲ့တယ်လို့ မြို့တော်ကာဒါ မှာရှိတဲ့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Gwyn Lewis က ပြောကြားခဲ့ပါတယ်။

Ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။