Trending Now

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်နေစဉ်အတွင်း ဂျပန်ကိုကာကွယ်ဖို့ အမေရိကန်က နျူကလီးယား လက်နက်တွေသုံးမယ်လို့ ကာကွယ်ရေးဝန်ကြီးသြစတင်ပြော

Spread the love

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်နေစဉ်အတွင်း ဂျပန်ကိုကာကွယ်ဖို့ အမေရိကန်က နျူကလီးယား လက်နက်တွေသုံးမယ်လို့ ကာကွယ်ရေးဝန်ကြီးသြစတင်ပြော
EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂
အမေရိကန်ပြည်ထောင်စုအနေနဲ့ မိမိတို့မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံကို ကာကွယ်ဖို့အတွက် နျူကလီးယားလက် နက်တွေကို အသုံးပြုသွားမှာဖြစ်ပြီး တရုတ်နိုင်ငံက ၄င်းတို့ပိုင်ဆိုင်တယ်လို့ပြောထားသလို ဂျပန်နိုင်ငံကလည်း ၄င်းတို့ပိုင်နယ်မြေလို့ ပြောဆိုထားတဲ့ ဆန်ကာကူကျွန်းစုတွေကိုလည်း ကာကွယ်သွားမှာဖြစ်ကြောင်း အမေရိ ကန်ကာကွယ်ရေးဝန်ကြီး အယ်လွိုက်သြစတင်က ဇန်နဝါရီလ ၁၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေမြင့်တက်လာမှုအပါအဝင် စိ်န်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်ရာမှာ မဟာဗျူဟာနဲ့ စစ်ရေး အရ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်သံသဘောတူခဲ့ပြီးနောက် အခုလို သြစတင်ရဲ့ပြောဆိုမှုထွက်ပေါ်လာခဲ့ တာပဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ ကာကွယ်ရေးဝန်ကြီး အယ်လွိုက်သြစတင်နဲ့ ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးဟာယာရှီယိုရှီမာဆာ၊ ကာကွယ်ရေးဝန်ကြီးဟာမါဒါယာဆူကာဇူတို့ ဝါရှင်တန်မှာတွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အန်တိုနီဘလင်ကန်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင် လိုက်ကြောင်း ကြေညာပါတယ်။
ဂျပန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ရှိရင်းစွဲခိုင်မြဲတဲ့မဟာမိတ်ဆက်ဆံရေးကို ထပ်မံအားဖြည်မြှင့်တင် လိုက်ပြီး ကမ္ဘာကြီးအပေါ်တရုတ်ကွန်မြူနစ်ပါတီရဲ့ ဆိုးရွားလှတဲ့သြဇာလွှမ်းမိုးမှုကို ဆက်လက်တုံ့ပြန်ရင်ဆိုင် သွားမှာဖြစ်ကြောင်း ဘလင်ကန်က ပြောပါတယ်။
“အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးကို လွန်လွန်ကဲကဲဖော်ပြဖို့ ခက်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေနဲ့ ဒေသတွင်းမှာရှိတဲ့ပြည်သူတွေရဲ့ လုံခြုံရေး၊ လွတ်လပ်ရေးနဲ့ ကြွယ်ဝချမ်းသာမှုအတွက် ဂရုတစိုက်ဆောင်ရွက် ရင်း အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံ ရေးဟာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်နေတာ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပါပြီ။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ အကြီး မားဆုံး စိတ်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ သဘောတူပါတယ်။” လို့ ၄င်းကပြောပါတယ်။
ဂျပန်နိုင်ငံကိုကာကွယ်နိုင်ရေး ကာကွယ်ရေးအစီအစဉ်တွေကိုမြှင့်တင်ဖို့အတွက် အမေရိကန်လက်နက်တွေကို ပိုမို တပ်ဖြန့်ချထားမယ့် “ဂျပန်နိုင်ငံမှာရှိနေတဲ့ အမေရိကန်တပ်တွေရဲ့ ရပ်တည်မှုကို ပိုမိုသင့်တော်ကောင်းမွန် အောင်ညှိနှိုင်းပေးမယ့် သမိုင်းဝင်ဆုံးဖြတ်ချက်” ချမှတ်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတို့ သဘောတူ ညီခဲ့ကြောင်း သြစတင်က ကြေညာခဲ့ပါတယ်။
Ref: Austin Says US Willing to Use Nukes to Defend Japan as 2 Nations Boost Military Cooperation
May be an image of 3 people and people standing

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။