Trending Now

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ရန် မြောက်ကိုရီးယား သတိပေး

Spread the love

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ရန် မြောက်ကိုရီးယား သတိပေး

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အကြီးစား လေကြောင်းစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး ရန်စမှုအတွက် ပြင်းထန်သော တုံ့ပြန်မှုများရင်ဆိုင်ရနိုင်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့က သတိပေးခဲ့သည်။

” အမေရိကန်ကန်နှင့် တောင်ကိုရီးယား တို့ရဲ့ ရန်စတဲ့ မဆင်မခြင် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်မှာ ပြင်ထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေကိုရောက်ရှိနေပါတယ်။” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် တနင်္လာနေ့တွင် ၎င်းတို့၏ အကြီးဆုံးပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်ခဲ့ပြီး နှစ်ဘက်စလုံးမှ ရာနှင့်ချီသော စစ်လေယာဉ်များက တစ်ရက်လျင် ၂၄ နာရီ လေ့ကျင့်မှုပြုလုပ်ခဲ့ကြသည်။

Vigilant Storm ဟု အမည်ပေးထားသည့် အဆိုပါ စစ်ဆင်ရေးသည် သောကြာနေ့အထိ လုပ်ဆောင်မည်ဖြစ်ပြီး စစ်လေယာဉ် ၂၄၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း အမေရိကန်လေတပ်မှ ပြောကြားခဲ့သည်။

အဆိုပါပူတွဲစစ်ရေးလေ့ကျင့်မှုစတင်ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်း၏ အချုပ်အခြာအာဏာ၊ ပြည်သူများ၏ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကို ပြင်ပမှ စစ်ရေးခြိမ်းခြောက်မှုများမှ ကာကွယ်ရန်အတွက် လိုအပ်သည့် အစီအမံအားလုံးကို ဆောင်ရွက်ရန် အဆင်သင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“အမေရိကန်အနေနဲ့ ပြင်းထန်တဲ့ စစ်ရေး ရန်စမှုတွေမှာ ဆက်ရှိနေရင်၊ မြောက်ကိုရီးယားက ပိုအားကောင်းတဲ့ နောက်ဆက်တွဲ အစီအမံတွေကို ထည့်သွင်းစဉ်းစားမှာပါ။ တကယ်လို့ အမေရိကန်က သူ့ရဲ့ လုံခြုံရေး အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ ပြဿနာတွေကို မလိုလားဘူးဆိုရင် အသုံးမဝင် ထိရောက်မှု မရှိတဲ့ စစ်ပွဲတွေကို ရပ်တန့်သင့်တယ်။ မဟုတ်ရင် အကျိုးဆက်တွေအတွက် လုံးလုံးလျားလျား အပြစ်ပုံခံရပါလိမ့်မယ်။” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

— ကိုးကား —
CNA
Ref; North Korea demands the US, South Korea halt joint military drills
May be an image of 1 person, standing and sky

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။