Trending Now

ဝေါလ်စထရိဂျာနယ် သတင်းထောက်ကို သူလျှိုလုပ်တယ်ဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားဖမ်းဆီး

Spread the love

ဝေါလ်စထရိဂျာနယ် သတင်းထောက်ကို သူလျှိုလုပ်တယ်ဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားဖမ်းဆီး

EPN
နိုင်ငံတကာ၊ မတ် ၃၁

စစ်အေးခေတ်နောက်ပိုင်း သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝေါလ်စထရိဂျာနယ်က အမေရိကန်သတင်းထောက်ကို ရုရှားက ပထမဆုံးအကြိမ် ဖမ်းဆီးလိုက်ပါတယ်။

ဝေါလ်စထရိဂျာနယ်က စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး သူတို့ရဲ့ သတင်းထောက်ကို ချက်ခြင်းပြန်လွတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အသက် ၃၁ နှစ်အရွယ် အီဗန်ဂါရှစ်ရ် ကို ရုရှားနိုင်ငံရဲ့ လျှို့ဝှက်ချက်တွေကို ရယူဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Yekaterinburg မြို့ မှာ FSB ဆိုတဲ့ ရုရှားထိပ်တန်းလုံခြုံရေး အေဂျင်စီက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အီဗန်ဂါရှစ်ရ်ဟာ နိုင်ငံတော်လျှို့ဝှက်ဖွဲ့စည်းထားတဲ့ ရုရှားစစ်တပ်-စက်မှုလုပ်ငန်းစု လှုပ်ရှားမှုတွေကို အမေရိကန် ညွှန်ကြားချက်အတိုင်း လျှို့ဝှက် စုဆောင်းနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

အီဗန်ဂါရှစ်ရ်ဟာ ၁၉၈၆ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း သူလျှိုလုပ်နဲ့ ဖမ်းဆီးခံရတဲ့ အမေရိကန် သတင်းထောက် တစ်ဦးဖြစ်ပါတယ်။
ရုရှားက စစ်ပွဲကို ဆန့်ကျင်တဲ့ နိုင်ငံသားတွေကိုသာမက လွတ်လပ်တဲ့ သတင်းထောက်တွေကို ဖိနှိပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အခုသီးတင်းပတ် အစောပိုင်းက ဖခင်တစ်ဦးကို လူမှုကွန်ရက်မီဒီယာတွေမှာ စစ်ပွဲဝေဖန်တဲ့ ပို့စ်တွေ တင်ခဲ့တဲ့အတွက် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပြီး ၁၃ နှစ်အရွယ် သမီးဖြစ်သူကို မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အရင်က အမေရိကန် အကျဉ်းသားတွေကို အကျဉ်းသား လဲလှယ်ရာမှာ လွတ်ပေးလေ့ရှိပေမယ့် ဒီသဘောတူညီချက်နဲ့ ပတ်သက်လို့ ပြောဆိုဖို့ စောလွန်းသေးတယ်လို့ ရုရှားထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။