Trending Now

ဖားကန့်မြို့ရှိ ကြံ့ခိုင်ရေးရုံးဟောင်းတစ်ခု မီးရှို့ဖျက်စီးခံရ

Spread the love

ဖားကန့်မြို့ရှိ ကြံ့ခိုင်ရေးရုံးဟောင်းတစ်ခု မီးရှို့ဖျက်စီးခံရ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၃၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မရှိကထောင်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးဟောင်းတစ်ခု ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်နေ့)၊ ည ၈ နာရီခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကြံ့ခိုင်ရေးရုံးအဟောင်းမှာ လူနေထိုင်းခြင်း မရှိဘဲ၊ အလွတ်ထားထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း မရှိကထောင်ရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

” ရုံးက အရင်က ကြံ့ခိုင်ရေးရုံးအဟောင်း။ အခုကလူမနေဘူး။ ပစ္စည်းတွေလဲ ဘာမှမရှိဘူး။ လူနှစ်ယောက်
ဆိုင်ကယ်နဲ့ရောက်လာပြီး ရှို့သွားတာလို့သိရတယ် ” ဟု ၎င်းကပြောသည်။

လူငယ်အရွယ် အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်နှင့်လာရောက်ကာ မီးပုလင်းဟု ယူဆရသည့် အရာဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။