Trending Now

မြန်မာနိုင်ငံသည် တရုတ် နှင့် ထိုင်းသို့ ဓာတ်ငွေ့တင်ရောင်းချမှု ၄ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိ

Spread the love

မြန်မာနိုင်ငံသည် တရုတ် နှင့် ထိုင်းသို့ ဓာတ်ငွေ့တင်ရောင်းချမှု ၄ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိ

EPN
မြစ်ကြီးနား၊ သြဂုတ် ၂၆

မြန်မာနိုင်ငံမှ တရုတ်နှင့် ထိုင်းသို့ ဓာတ်ငွေ့တင်ပို့ရောင်းချမှု ၂၀၂၂ ခုနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ ၄ လအတွင်း အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိခဲ့ကြောင်း ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

လေးလအတွင်း သဘာဝဓာတ်ငွေ့ ကီလိုလီတာ ၇၇ ဒသမ ၈၉ သန်းတင်ပို့ခဲ့ပြီး အဓိကအားဖြင့် ကန်းလွန်စီမံကိန်း လေးခုဖြစ်သည့် ရတနာ၊ ရဲတံခွန်၊ ရွှေနဲ့ ဇောတိကစသည့် ဓာတ်ငွေ့စီမံကိန်း လုပ်ကွက်များမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရရှိသည့် လအလိုက် နိုင်ငံခြားဝင်ငွေများမှာ ပြီးခဲ့သည့် ဧပြီလတွင် ၁၃၅ သန်း၊ မေလတွင် ၁၉၄ သန်း၊ ဇွန်လတွင် ၂၈၆.၀၃၃ သန်း နှင့် ဇူလိုင်လတွင် ၂၀၄.၄၇ သန်းရရှိခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သဘာ၀ ဓာတ်ငွေ့တင်ပို့မှုမှ ရရှိသည့် နိုင်ငံတော်ဝင်ငွေသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ဒေါ်လာ သန်း ၆၀ ကျော်ပိုမိုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဖြစ်စဉ်အပြောင်းအလည်း နောက်ပိုင်း နိုင်ငံခြားစွမ်းအင်ကုမ္မဏီတွေသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ ပြင်သစ်သစ်နာမည်ကြီး စွမ်းအင်ကုမ္ပဏီ Total Energies သည်လည်း ရတနာစီမံကိန်းမှ ထွက်ခွာသွားခဲ့ပြီးနောက် ၎င်းနေရာတွင် ထိုင်းအစိုးရပိုင် PTTEP ကုမ္မဏီက ဆက်လက် လုပ်ကိုင်လျက်ရှိသည်။

ထိုင်းအစိုးရပိုင် PTTEP ကုမ္မဏီသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်းခန့်အား ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့လိုအပ်ချက် ၁၄ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များမှ ရရှိကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။