Trending Now

လော့ဒေါင်းချိုးဖောက်ကာ စပိန်၌ ပါတီပွဲတက်ခဲ့သည့် ဘယ်လ်ဂျီယမ်မင်းသား တောင်းပန်

Spread the love

လော့ဒေါင်းချိုးဖောက်ကာ စပိန်၌ ပါတီပွဲတက်ခဲ့သည့် ဘယ်လ်ဂျီယမ်မင်းသား တောင်းပန်

EPN
နိုင်ငံတကာ၊ ဇွန် ၁

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များချိုးဖောက်ကာ စပိန်နိုင်ငံ၌ ပါတီပွဲတစ်ခု တက်ရောက်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည့် ဘယ်လ်ဂျီယမ်မင်းသားတစ်ဦးက တောင်းပန်လိုက်ကြောင်း သိရသည်။

ဘယ်လ်ဂျီယမ်ဘုရင် ဖိလစ်ပီ၏ တူတော်သူနှင့် နန်းမွေဆက်ဆံသူစာရင်းတွင် ဒသမနေရာရှိသူ မင်းသား ဂျိုအာချင်းက သူ၏လုပ်ဆောင်မှုများအတွက် နောင်တရမိကြောင်း၊ အကျိုးဆက်များအားလုံးကို လက်ခံမည်ဖြစ် ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

မိတ်ဆွေများ၊ မိသားစုဝင်များ တက်ရောက်ခဲ့သည့် စပိန်နိုင်ငံ၊ ကော်ဒိုဘာမြို့၌ မေလ ၂၆ ရက်က ကျင်းပ သော ပါတီပွဲတစ်ခုသို့ တက်ရောက်ပြီးနောက် မင်းသား ဂျိုအာချင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု ဘယ်လ်ဂျီယမ်မီဒီယာများက ဖော်ပြကြသည်။

ဧည့်သည် အများဆုံး ၁၅ ဦးသာ တက်ရောက်ရန် ခွင့်ပြုထားသည့် အဆိုပါပါတီပွဲသို့ လူ ၂၇ ဦးတက် ရောက်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ပါတီပွဲတက်ရောက်သူအားလုံး သီးသန့်ခွဲနေထိုင်လျက်ရှိပြီး ရဲ တပ်ဖွဲ့က အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ပါတီပွဲတက်ရောက်သူများက စပိန်နိုင်ငံ၏ ကန့်သတ်ချက်များ ချိုးဖောက်မှုကြောင့် ဒဏ်ကြေး ယူရို ၁၀၀၀၀ အထိ ပေးဆောင်ရဖွယ်ရှိနေသည်။ မင်းသား ဂျိုအာချင်းသည် မိသားစုတွေ့ဆုံပွဲ တက်ရောက်ရန် မေလ ၂၄ ရက်တွင် စပိန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ဘယ်လ်ဂျီယမ်နန်းတော်က ပြောကြားသည်။

အသက် ၂၈ နှစ်အရွယ် မင်းသား ဂျိုအာချင်း၏ အပြုအမူက ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ သေဆုံးမှုနှုန်း အမြင့်မားဆုံးတိုင်းပြည်တစ်ခုဖြစ်သည့် စပိန်နိုင်ငံ၌ ဝေဖန်ပစ်တင်မှုများ ရှိလာခဲ့သည်။

–ကိုးကား–
သည်ဂါးဒီးယန်း
Ref; Belgian prince apologises for lockdown party in Spain


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။