Trending Now

ရုရှားနိုင်ငံ၌ သင်တန်းတက်ရောက်သည့် တပ်မတော်သား ၂ COVID-19 ကူးစက်ခံရ၊ရုရှား၌ ကူးစက်ခံရသည့် တပ်မတော်သား ၅ ဦးအထိရှိလာ

Spread the love

ရုရှားနိုင်ငံ၌ သင်တန်းတက်ရောက်သည့် တပ်မတော်သား ၂ COVID-19 ကူးစက်ခံရ၊ရုရှား၌ ကူးစက်ခံရသည့် တပ်မတော်သား ၅ ဦးအထိရှိလာ

 

EPN
ရန်ကုန်၊မေ – ၃

ရုရှားနိုင်ငံ၌ သင်တန်းတက်ရောက်သည့် တပ်မတော်သား ၂ COVID-19 ကူးစက်ခံရပြီး ကူးစက်ခံရသည့် တပ်မတော်သား စုစုပေါင်း ၅ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။

ဧပြီ ၂၈ ရက်ညနေပိုင်းတွင် ရုရှားကျန်းမာရေးဌာနမှ တာဝန်ရှိသူများက စစ်ဆေး တွေ့ရှိချက်အရ သင်တန်းတက်ရောက်နေသည့် မြန်မာ့တပ်မတော်မှ သင်တန်းသားများ အနက် ၂ ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ထို့ကြောင့် ရုရှားနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက် ခံထားရသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ စုစုပေါင်း ၅ ဦးရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ထူးခြားသည့် ဖျားနာဝေဒနာခံစားရမှုမျိုးမရှိဘဲ ကောင်းမွန်လျက်ရှိပါတယ်။

ရုရှား၌ COVID-19 ကူးစက်ခံထားရသည့် မြန်မာ့တပ်မတော်သား ၅ ဦးကို ရုရှားအစိုးရက ကျန်းမာရေး စောင့်ရှောက်လျက်ရှိပါတယ်။

အလားတူ ရုရှားနိုင်ငံရှိ မြန်မာ့စစ်သံမှူးများကလည်း လိုအပ်သည့် ကူညီဆောင်ရွက်မှုများ ပြု့လုပ်ပေးလျက်ရှိပါတယ်။

#COVID #ရုရှား #မြန်မာ့တပ်မတော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။