Trending Now

ရပ်စောက်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ရပ်စောက်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၅(၂၀၂၄)

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ နောင်ခမ်းကျေးရွာတွင် အမျိုးသားတစ်ဦးထံမှ ငွေကျပ် သိန်းသုံးဆယ်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရပ်စောက်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ရပ်စောက်မြို့နယ်၊ နောင်ခမ်းကျေးရွာအနီးတွင် အောင်နိုင်စိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် သိန်း ၃၀) အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး အောင်နိုင်စိုး (၃၇)နှစ်အား ရပ်စောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။