Trending Now

အိန္ဒိယ ကြည်းတပ်ဗိုလ်မှူးချုပ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

Spread the love

အိန္ဒိယ ကြည်းတပ်ဗိုလ်မှူးချုပ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂

အိန္ဒိယတပ်မတော်၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ကျနေသည့် ကြည်းတပ်ဗိုလ်မှူးချုပ်တစ်ဦး မှာ ယနေ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့ကြောင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

ဗိုလ်မှူးချုပ် ဗီးကပ်စ်ဆမ်ရယ်လ်မှာ ကာလရှည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ၄င်းကွယ်လွန်ချိန်တွင် ဇနီးနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာခဲ့သည့် သမီးနှစ်ဦး ကျန်ရစ်ခဲ့ သည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်မှာ ၆၀၀၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်လူနာသစ် ၁၉၁၄၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် မိသားစုသက်သာချောင် ချိရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အိန္ဒိယနိုင်ငံတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုကူးစက်မှု ၆၀၄၆၄၁ မှု၊ ရောဂါလက္ခဏာ ပြသဆဲလူနာ ၂၂၆၉၄၇ ဦးနှင့် ပိုးကင်းစင်းသူ ၃၅၉၈၆၀ ဦးရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၄၃၄ ဦး သေဆုံးခဲ့ရာ သေဆုံးလူ နာ စုစုပေါင်းမှာ ၁၇၈၃၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

–ကိုးကား–
တိုင်းမ်အော့ဖ်အိန္ဒိယ
Ref; Army Brigadier dies in Kolkata due to Covid-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။