Trending Now

အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းအောက်လွှတ်တော်ကို ဖျက်သိမ်း

Spread the love

အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းအောက်လွှတ်တော်ကို ဖျက်သိမ်း

EPN
နိုင်ငံတကာ၊ မတ် ၂၁

ထိုင်းနိုင်ငံက လေးနှစ်အတွင်း ပထမဆုံး အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းအောက်လွှတ်တော်ကို မနေ့က ဖျက်သိမ်းလိုက်ပါတယ်။
လွန်ခဲ့တဲ့ ကိုးနှစ်ခန့်က အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေခဲ့တဲ့ နိုင်ငံရေးစနစ်ကို ဖျက်သိမ်းနိုင်မလား ဆိုတာတော့ မဲဆန္ဒရှင်တွေအပေါ်မှာ မူတည်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သူရဲ့ လေးနှစ်သက်တမ်း မကုန်ဆုံးမီ အောက်လွတ်တော်ကို ဖျက်သိမ်းဖို့ အမိန့်တစ်ရပ်ကို တင်သွင်းခဲ့ပြီးနောက် ဘုရင် မဟာဝိဇယလောင်ကွန်းက တနင်္လာနေ့မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ပရာယွတ်က ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးမှာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ပြင်းထန်တဲ့ နိုင်ငံရေးပုံစံနဲ့ ကပ်ရောဂါတုံ့ပြန်မှုတွေကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါတယ်။

ရွေးကောက်ပွဲမှာ အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ ကို ရွေးချယ်မှာဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်ရှိ လွှတ်တော်အမတ် ၂၅၀ ကို တပ်မတော်က ထိရောက်စွာ ကိုင်တွယ်ထားပါတယ်။

ရွေးကောက်ပွဲအပြီးမှာ လွတ်တော်နှစ်ရပ်စလုံးက ကိုယ်စာလှယ်တွေထဲက ဝန်ကြီးချုပ်အသစ်ကို ရွေချယ်သွားမှာဖြစ်ပြီး မေလထဲမှာ မဲပေးဖို့ မျှော်လင့်ရပါတယ်။

Ref; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။