Trending Now

က‌လေးမြို့တွင် အမျိုးသားတစ်ဦး၏ နေအိမ်အတွင်းမှ ငွေကျပ်သိန်းလေးရာ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

က‌လေးမြို့တွင် အမျိုးသားတစ်ဦး၏ နေအိမ်အတွင်းမှ ငွေကျပ်သိန်းလေးရာ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
ကလေး၊ အောက်တိုဘာ ၃ (၂၀၂၃)

က‌လေးမြို့တွင် အမျိုးသားတစ်ဦး၏ နေအိမ်အတွင်းမှ ငွေကျပ်သိန်းလေးရာ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ယုဇနလမ်းနေ ခင်မောင်သန်း (ခ) ဘာဘူ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇော်မင်းထွန်း (ခ) ဇော်ကြီး အား တွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၅၅၀ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၃၃၀)၊ စိတ်ကြွရူးသွပ်ဆေးပြား၂၀၀ပြား (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၅ သိန်း) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ခင်မောင်သန်း (ခ)ဘာဘူ (၄၂)နှစ် နှင့် ဇော်မင်းထွန်း (ခ) ဇော်ကြီး (၃၃)နှစ် တို့ကို ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက် ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။