Trending Now

COVID-19 ဂယက်ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ ယာယီပိတ်ရန် ပြည်နယ်အစိုးရညွန်ကြား

Spread the love

COVID-19 ဂယက်ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ ယာယီပိတ်ရန် ပြည်နယ်အစိုးရညွန်ကြား

EPN
မြစ်ကြီးနား၊ မတ် ၂၁

COVID-19 ဂယက်ကြောင့် ကချင်ပြည်နယ်အစိုးရ၏ မတ်လ (၁၈)ရက်နေ့ က ညွန်ကြားချက်အရ တစ်ပြည်နယ်လုံးရှိ ကိုယ်ပိုင်​​ေကျာင်းများကို ယာယီပိတ်ထားရမည်ဖြစ်ကြောင်း ကချင်ပြည််နယ်အစိုးရအဖွဲ့မှ သိရသည်။

ကူးစက်မြန် COVID-19​ဂယက် ကြိုတင်ကာကွယ်ရန်အတွက် ပညာရေးဝန်ကြီးဌာနက မတ်လ(၁၆)ရက်နေ့တွင် ကိုယ်ပိုင် ကျောင်းများ အပါအဝင်၊ အခြေခံပညာကျောင်းများ၊နွေရာသီသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာသင်တန်းများ​ မပြုလုပ်ရန် ညွန်ကြားထားသည့်ပြီး ကချင်ပြည်နယ်အစိုးရအနေဖြင့်ပြည််နယ်အတွင်းရှိကျောင်းများ ယာယီပိတ်ထားရန် (မတ် ၁၈)ရက်နေ့က ညွန်ကြားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးနေဝင်းက ယခုကဲ့သို့ဆိုသည်။

“ကျွန်တော့်ရဲ့ ဌာနအောက်မှာရှိတဲ့ ဌာနဆိုင်ရာတွေအားလုံးကို အစည်းအဝေးခေါ်ပြီး အကုန်လုံးကိုပိတ်ဖို့ ညွန်ကြားထားပါတယ်”ဟု လူမှုရေးဝန်ကြီး ဦးနေဝင်းကပြောသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ဧပြီလ (၃၀)ရက်နေ့ အထိ ပိတ်ထားရန်ညွန်ကြားထားသော်လဲ မည်သည့်အချိန်၌ပြန်လည်ဖွင့်လှစ်နိုင်မည်ကို မသိသေးကြောင်း မြစ်ကြီးနားမြို့ ILBC ကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ် ထုလွမ်က ယခုကဲ့သို့ဆိုသည်။

“အခုက အစိုးရအနေနဲ့ ၃၀ရက်နေ့အထိ ပိတ်ထားတယ်ဆိုပေမယ့် ရှေ့ဆက်ပြီး ဆက်ဖွင့်မလား ပိတ်မလားဆိုတာ အခြေအနေပေါ်မှာမူတည်တယ်။ ခါတိုင်းကတော့ ဖွင့်နေတာပဲ ပုံမှန်အားဖြင့်တော့ ဒီနှစ်ကအစိုးရ ပိတ်ခိုင်းလို့ ပိတ်ရတာပေါ့” ဟု ​ဒေါ်ထုလွမ်ကပြောသည်။

အရေးပေါ် အခြေအနေ၌ ကိုယ်ပိုင်ကျောင်းများ ပိတ်ထားရသော်လည်း ကျောင်းသားကျောင်းသူများ စဥ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးအတွက် အချို့ကိုယ်ပိုင်ကျောင်းများက Online စနစ်ဖြင့်သင်ကြားပေးသွားဖို့ စီစဥ်ထားကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်တွင် ကိုယ်ပိုင်ကျောင်းပေါင်း (၂၀)ကျော်ရှိပြီး အစိုးရက တရားဝင်ခွင့်ပြုထားသည့် ​ကျောင်းမှာ(၁၆)ကျောင်းသာရှိပြီး ကျန်ရှိ ကျောင်းများမှာ တရားဝင်ခွင့်ပြု​နိုင်ရန် အစိုးရ၏စောင့်ကြည့်အခြေအနေတွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။