Trending Now

ဂျပန်နိုင်ငံက မြန်မာလုပ်သား တစ်ထောင်ကျော် ခေါ်ယူရန် ကမ်းလှမ်းထား

Spread the love

ဂျပန်နိုင်ငံက မြန်မာလုပ်သား တစ်ထောင်ကျော် ခေါ်ယူရန် ကမ်းလှမ်းထား

EPN
မြစ်ကြီနား၊ ဇန်နဝါရီ ၂

ဂျပန်နိုင်ငံမှ မြန်မာလုပ်သား တစ်ထောင်ကျော်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၃၁၂ စောင် ရရှိထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး တိုကျိုမြို့က ဇန်နဝါရီ ၃၁ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

အလုပ်ကမ်းလှမ်းစာ ၃၁၂ စောင်အရ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာအလုပ်သား အမျိုးသား ၄၂၂ ဦး နှင့် အမျိုးသမီး ၆၂၈ ဦး စုစုပေါင်း လုပ်သားဦးရေ ၁၀၅၀ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ခြင်း ရှိ/မရှိ စာရွက်စာတမ်း အ ထောက်အထားများ စိစစ်ပြီးစိစစ်တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း ဖော်ပြထားသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန် ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို အချိန်နှင့်တပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကေကေ
Photo – crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။