Trending Now

မုံရွာမြို့နယ် ကျွဲရဲကျေးရွာရှိ စာသင်းကျောင်းတွင် ကလေးများစာသင်ကြားနေစဉ် ဗုံးခွဲတိုက်ခိုက်ခံရ

Spread the love

မုံရွာမြို့နယ် ကျွဲရဲကျေးရွာရှိ စာသင်းကျောင်းတွင် ကလေးများစာသင်ကြားနေစဉ် ဗုံးခွဲတိုက်ခိုက်ခံရ

EPN
မုံရွာ၊ မတ် ၁၄

မုံရွာမြို့နယ် ကျွဲရဲကျေးရွာမြောက်ပိုင်ရှိ စာသင်ကျောင်းတွင် ကလေးငယ်များစာသင်ကြားနေစဉ် အကြမ်းဖက်သမားများမှ ဗုံးခွဲတိုက်ခိုက်၍ ဆိုင်ကယ်များလုယက်ယူဆောင် သွားကြောင်းသိရသည်။

ကျွဲရဲကျေးရွာမြောက်ပိုင်းရှိ အ.ထ.က (ခွဲ) စာသင်းကျောင်းအား ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အကြမ်းဖက်သမားသုံးဦးမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကျောင်းဆရာမ နှစ်ဦး၏ ဆိုင်ကယ်များအား လုယက်ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ ဒီနေ့မနက် ကျောင်းတက်နေတဲ့အချိန် လူသုံးယောက်က ကျောင်းဆောင်ပေါ်ကို မိုင်းနဲ့ပစ်ပေါက်ပီးခွဲတာ တော်တော်ဆိုးတဲ့လူတွေ ကလေးတွေလဲ ရှိတယ် ကျောင်းတက်ချိန်ဆိုတော့ ပီးတော့ ကျောင်းဆရာမ နှစ်ယောက်ရဲ့ ဆိုင်ကယ်ကိုလဲ ယူသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ မိုင်းကွဲမှုကြောင့် ကျောင်းအပါ်ထပ်ရှိ ကျောင်းဆောင်မျက်နှာ နှင့် မျက်နာကျက်များ ပျက်စီးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အခင်ဖြစ်ပွာရာနေရာသို့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။