Trending Now

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ဝင်ရောက်လာသော ဒရုန်း (၇)စင်းကို ပစ်ချဖျက်ဆီးခဲ့

Spread the love

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ဝင်ရောက်လာသော ဒရုန်း (၇)စင်းကို ပစ်ချဖျက်ဆီးခဲ့

EPN
နေပြည်တော်၊ ဧပြီ ၄ (၂၀၂၄)

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ်ဝန်းကျင်သို့ ယနေ့ (ဧပြီ ၄ ရက်)တွင် ဝင်ရောက်လာသော ဒရုန်း (၇)စင်းကို ပစ်ချဖျက်ဆီးခဲ့သည်ဟု နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယနေ့၊ နံနက် ၁၀ နာရီခွဲခန့်က နေပြည်တော်လေဆိပ် အရှေ့ဘက်မှ လေဆိပ်ဘက်သို့ ပျံသန်းလာသော ဒရုန်း (၄)စင်းကို လေဆိပ်၏ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ချဖျက်ဆီးခဲ့ကြသည်။

၎င်းအပြင် ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှတစ်ဆင့် မြို့နယ်အတွင်းသို့ ဒရုန်း (၃)စင်း ပျံသန်းဝင်ရောက်လာမှုကိုလည်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ချဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒရုန်း (၇)စင်း ပျံသန်းဝင်ရောက်လာမှုအား ပစ်ချဖျက်ဆီးနိုင်ခဲ့သဖြင့် လူများထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုများ မရှိခဲ့ဘဲ လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့် လုံ ခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။