Trending Now

တံတားခံနိုင်ဝန်ထက် ကျော်လွန်ကာ သယ်ဆောင်လာသည့်ကားကြောင့် တံတားကျိုးကျကာ ကားပေါ်ပါလာသူ (၂)ဦးသေဆုံး

Spread the love

တံတားခံနိုင်ဝန်ထက် ကျော်လွန်ကာ သယ်ဆောင်လာသည့်ကားကြောင့် တံတားကျိုးကျကာ ကားပေါ်ပါလာသူ (၂)ဦးသေဆုံး

EPN
မြစ်ကြီးနား၊ မတ်လ ၃၀

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုပ်ကျေးရွာရှိ ချောင်းကူးတံတားပေါ်တွင် ပျဉ်သယ်လာသည့် ၆ ဘီးယာဉ်တစ်စီ ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျမှု ဖြစ်ပေါ်ခဲ့ပြီး ကားပေါ်ပါလာသည့် လူ(၂)ဦး သေဆုံးခဲ့ကြောင်း နန်ပုပ်ကျေးရွာရှိ ဒေသခံများထံမှသိရသည်။

” မနက်(၆)နာရီလောက်မှာ ဖြစ်သွားတာ တံတားရဲ့ခံနိုင်ဝန်က (၁၃)တန်ပဲရှိတယ်၊ အခုပျဉ်ကားက ခြောက်ဘီးကားဆိုတော့ ဝန်နဲ့ဆိုရင် (၁၆၊၁၇)တန်လောက်ရှိတယ်၊ ကားဖြတ်တုန်းတံတားအလယ်မှာ ကျိုးကျတာ ကားမောင်တဲ့သူကော၊ ကားနောက်လိုက်တဲ့ သူကော (၂)ယောက်လုံး ဆုံးသွားတယ်၊ ကားနောက်လိုက်တဲ့ ကလေးကတော့ ကားခေါင်းခန်းထဲမှာပဲ ပွဲချင်းပြီး ဆုံးတာ၊ ကားမောင်တဲ့သူကတော့ အိမ်ရောက်မှ ဆုံးသွားတာ” ဟု ၎င်းကပြောသည်။

အဆိုပါ နန့်းပုပ် တံတားမှာ ကျေးရွာကုန်ထုတ်လမ်းအတွက် (၂၀၁၆)ခုနှစ်ခန့်က ဆောက်လုပ်ထားသည့် တံတားတစ်စင်းဖြစ်ပြီး ယခင်က စပါးသယ်ဆောင်သည့် ကားများသာ ဖြတ်သန်းလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူမျာမှာယာဉ်မောင်း ဦးအောင်မြင့်ထွန်း ၊အသက်(၃၂)နှစ် နှင့် ကို မြင့်သူ၊ အသက်(၂၀)နှစ် တို့ဖြစ်ကြီး မိုးညှင်းမြို့နယ်တွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။