Trending Now

န.စ.က ဖိတ်ခေါ်မှုကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ရန် သတင်းပေးပို့သည့် ဆရာ၊ ဆရာမ ၃၀၀၀နီးပါး ရှိပြီး ဖိတ်ခေါ်မှုကို ဇွန်လ ၁၄ ရက်နေ့အထိ ထပ်မံတိုးမြှင့်

Spread the love

န.စ.က ဖိတ်ခေါ်မှုကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ရန် သတင်းပေးပို့သည့် ဆရာ၊ ဆရာမ ၃၀၀၀နီးပါး ရှိပြီး ဖိတ်ခေါ်မှုကို ဇွန်လ ၁၄ ရက်နေ့အထိ ထပ်မံတိုးမြှင့်

EPN
မြစ်ကြီးနား ၊ ဇွန် ၈

တာဝန်မှကင်းကွာနေသည့် ပညာရေဝန်ထမ်းများအနေဖြင့် ပြန်လည်တာဝန်ထမ်းဆောင်လိုပါက မေလအတွင်း သတင်းပို့ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် တာဝန်ပြန်လည်ထမ်းဆောင်လိုသူ ပညာရေဝန်ထမ်း ၂၉၆၀ ဦးအထိရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ပညာရေးဝန်ထမ်း ၊အမှုထမ်းများအနေဖြင့် ခြိမ်းခြောက်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့် လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှ ကင်းကွာခဲ့သော ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများအနေဖြင့် မိမိတို့လက်ရှိနေထိုင်ရာ ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိ နေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ ဇွန်လ ၇ ရက်နောက်ဆုံးထား သတင်းပေးပို့ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဆက်သွယ်ပေးပို့ရန် ဆန္ဒရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသောအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ ဆရာမများအတွက် သတင်းပေးပို့ရန် ဆက်သွယ်ရမည့်ရက်ကို ဇွန်လ ၁၄ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ပေးထားကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။