Trending Now

မိုးညှင်းမြို့တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးအား အဒေါ်ဖြစ်သူ၏ ခင်ပွန်းက သားမယားပြုကျင့်မှုဖြစ်ပွား

Spread the love

မိုးညှင်းမြို့တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးအား အဒေါ်ဖြစ်သူ၏ ခင်ပွန်းက သားမယားပြုကျင့်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ မေ ၂၄

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် အဒေါ်ဖြစ်သူ၏ နေအိမ်တွင်နေထိုင်ကာ ကျောင်းတက်နေသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဒေါ်ဖြစ်သူ၏ ခင်ပွန်းက သားမယားပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု မေလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဒေါ်ဖြစ်သူ မြစ်ကြီးနားမြို့သို့ ခရီးသွားရောက်နေစဉ် မေလ ၂၀ ရက်နေ့ ည ၁ နာရီခန့်က မ—- သည် အခန်းတွင်း တစ်ဦးတည်းအိပ်ပျော်နေစဉ် အဒေါ်၏ ခင်ပွန်းဖြစ်သူက အခန်းအတွင်းသို့ ဝင်ရောက်လာပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မေလ ၂၁ ရက်နေ့ မနက်တွင် မ —— သည် မြစ်ကြီးနားမြို့ရှိ မိခင်ဖြစ်သူထံသို့ ဖြစ်စဉ်အား ဖုန်းဆက် တိုင်းကြားခဲ့သဖြင့် မိခင်ဖြစ်သူက မိုးညှင်းမြို့သို့ သွားရောက်ကာ ဦး—– နှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းက ကျူးလွန်မိကြောင်း ဝန်ခံခဲ့သည့်အတွက် မိခင်ဖြစ်သူက တရားလိုပြုလုပ်၍ မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဦး——— (၃၄)နှစ် ———ရပ်ကွက် အိမ်အမှတ်(၃/၂၀၄-က) မိုးညှင်းမြို့
နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ(ပ)၃၆/၂၀၂၃ ပုဒ်မ(၃၇၆) အမှုကြီးအမှတ်စဉ်(၁) ဖြင့်အမှုရေးဖွင့် ဖမ်းဆီးကာ အမှုစစ်အဖြစ် မိုးညှင်းမြို့မရဲစခန်းမှူး မှ စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။