Trending Now

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုအတွင်း အနည်းဆုံး အရပ်သား သုံးထောင်ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ဆို

Spread the love

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုအတွင်း အနည်းဆုံး အရပ်သား သုံးထောင်ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ဆို

EPN
နိုင်ငံတကာ၊ မေ ၆

ယူကရိန်းမှာ ရုရှားရဲ့ကျူးကျော်မှု စတင်ခဲ့တဲ့နောက်ပိုင်း ကလေးငယ် ၂၂၇ ဦး အပါအဝင် အနည်းဆုံး အရပ်သား ၃,၂၃၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

ဒါဟာ မေလ ၃ ရက်နေ့အထိ ကိန်းဂဏန်းဖြစ်ပြီး ယူကရိန်းအရှေ့ပိုင်းက Donetsk နဲ့ Luhansk ဒေသတွေမှာ အရပ်သား ၁,၇၀၀ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCHR) က ဆိုပါတယ်။

ဒါ့အပြင် ကိယက်ဗ် မြို့၊ အရှေ့ပိုင်းက ခါကိမြို့ ၊ မြောက်ပိုင်းက ချာနိုဘိုင် နဲ့ တောင်ပိုင်းက ခါဆွန်မြို့ တွေအပါအဝင် ဒေသတွေမှာ သေဆုံးသူ ၁,၅၃၈ ဦး တိုးလာတယ်လို့လည်း UNHCHR က ဆိုပါတယ်။

အဲ့ဒီနောက် ရုရှားရဲ့ ကျူးကျော်မှု စတင်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့နောက်ပိုင်း ယူကရိန်း အရပ်သား ၃,၃၉၇ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

တကယ်တမ်း စစ်ပွဲအတွင်း သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်တွေဟာ သိသိသာသာ ပိုပြီး မြင့်မားမယ်လို့ ယုံကြည်ရကြောင်း နဲ့ ဒါဟာ ရုရှားတပ်တွေရဲ့ အကြီးအကျယ် ပစ်ခတ်တိုက်ခိုက်မှုတွေ ခံနေရတဲ့ မာရီယိုပိုးလ်မြို့ လို ဧရိယာတွေက သတင်းအချက်အလက်တွေ နှောင့်နှေးနေတာနဲ့ သတင်းတွေကို အတည်ပြုဖို့ ခက်ခဲနေတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။