Trending Now

ကခ်င္ျပည္နယ္အတြင္း ႏိုင္ငံသားစိစစ္ေရးကတ္ျပားႏွင့္ အိမ္ေထာင္စုမရိွေသးသူမ်ားကို ေရြးေကာက္ပြဲ မတိုင္မီ အၿပီးသတ္ ျပဳလုပ္ေပးမည္

Spread the love

ကခ်င္ျပည္နယ္အတြင္း ႏိုင္ငံသားစိစစ္ေရးကတ္ျပားႏွင့္ အိမ္ေထာင္စုမရိွေသးသူမ်ားကို ေရြးေကာက္ပြဲ မတိုင္မီ အၿပီးသတ္ ျပဳလုပ္ေပးမည္
EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၀
ကခ်င္ျပည္နယ္အတြင္းတြင္ နိုင္ငံသားစိစစ္ေရးကဒ္ျပားႏွင့္ အိမ္ေထာင္စုမရိွေသးသည့္ ျပည္သူမ်ားကို လာမည့္ ၂၀၂၀ေရြးေကာက္ပြဲ မတိုင္မီ တျပည္နယ္လံုးလႊမ္းျခံဳကာ အၿပီးသတ္ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔အရင္းအျမစ္ဝန္ႀကီးဌာနမွ သိရသည္။

အဆိုပါ စီမံခ်က္တြင္ ကခ်င္ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးနွင့္ လူ႔အရင္းအျမစ္ဝန္ႀကီးဌာန၊ ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနနွင့္ ေရြးေကာက္ပြဲေကာ္မရွင္တို႔ ပူးေပါင္းကာ ယခုနွစ္ ေအာက္တိုဘာလမွ စတင္၍ ဒီဇင္ဘာလအထိ သံုးလတိတိ ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီး ၾကပ္ေရးနွင့္ လူ႔အရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီး ဦးေဇာ္ဝင္းထံမွ သိရသည္။
“ေရြးေကာက္ပြဲမွာ မဲေပးခ်င္တယ္ဆုိရင္ အနည္းဆံုး မွတ္ပံုတင္ေတာ့ရိွရမယ္။ အဲ့ဒါေၾကာင့္ အဓိကေတာ့ နိုင္ငံသားစိစစ္ေရးကဒ္ျပား မရိွေသးတဲ့သူေတြလည္း အဆင္ေျပေအာင္၊ ၿပီးေတာ့ အိမ္ေထာင္စု မရိွေသးတဲ့သူေတြအတြက္လည္း အဆင္ေျပေအာင္ေပါ့။” ဦးေဇာ္ဝင္းက ေျပာသည္။
၂၀၁၀၊ ၂၀၁၅ ခုနွစ္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ေရြးေကာက္ပြဲၸ၌ နိုင္ငံသားစီစစ္ေရးကဒ္ျပားနွင့္ အိမ္ေထာင္ စုမရိွသည့္ ျပည္သူမ်ားအေနျဖင့္ မဲေပးနိုင္မည့္ အခြင့္အေရးမ်ားကို ဆံုးရွဴံးခဲ့ရၿပီး ယင္းကဲ့သို႔ မျဖစ္ရေအာင္ လာမည့္ေရြးေကာက္ပြဲမတိုင္မီ အၿပီးသတ္ျပဳလုပ္ေပးသြားရန္ စီမံခ်က္ခ်ထားေၾကာင္း ၎က ထည့္သြင္းေျပာ ဆိုခဲ့သည္။
ဤသို႔ျပဳလုပ္ရာတြင္ ေဝးလံေခါင္ဖ်ားသည့္ ေဒသမ်ားကို ပိုမိုဦးစားေပး ေဆာင္ရြက္ေပးသြားမည္ၿပီး NRC နွင့္ အျခားအရပ္ဘက္အဖြဲ႔အစည္းမ်ားမွလည္း ပူးေပါင္းေဆာင္ရြက္ေပးဖို႔ ရိွေၾကာင္း သိရသည္။
လက္ရိွကခ်င္ျပည္နယ္တြင္း ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးနွင့္ျပည္သူ႔အင္အားဦးစီးဌာနနွင့္ သက္ဆိုင္ရာ မိတ္ဖက္ဌာနဆိုင္ရာ ဦးစီးဌာနမ်ား ပူးေပါင္းကာ “သစၥာစီမံခ်က္” အေနျဖင့္ အေျခခံပညာ စာသင္ေက်ာင္းမ်ား၊ ကိုယ္ပိုင္ပညာေရးစာသင္ေက်ာင္းမ်ား၊ စစ္ေရွာင္စခန္းမ်ား၊ မိဘမဲ့ေဂဟာမ်ား၊ ပရဟိတအသင္းအဖြဲ႔ေက်ာင္းမ်ားတြင္ အမ်ားဆံုးျပဳလုပ္ေပးလွ်က္ရွိသည္။
လြမ္းေအာင္
————————————————————————————————
ကချင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုမရှိသေးသူများကို ရွေးကောက်ပွဲ မတိုင်မီ အပြီးသတ် ပြုလုပ်ပေးမည်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၀

ကချင်ပြည်နယ်အတွင်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုမရှိသေးသည့် ပြည်သူများကို လာမည့် ၂၀၂၀ရွေးကောက်ပွဲ မတိုင်မီ တပြည်နယ်လုံးလွှမ်းခြုံကာ အပြီးသတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့အရင်းအမြစ်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ စီမံချက်တွင် ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့အရင်းအမြစ်ဝန်ကြီးဌာန၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းကာ ယခုနှစ် အောက်တိုဘာလမှ စတင်၍ ဒီဇင်ဘာလအထိ သုံးလတိတိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။

“ရွေးကောက်ပွဲမှာ မဲပေးချင်တယ်ဆိုရင် အနည်းဆုံး မှတ်ပုံတင်တော့ရှိရမယ်။ အဲ့ဒါကြောင့် အဓိကတော့ နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသေးတဲ့သူတွေလည်း အဆင်ပြေအောင်၊ ပြီးတော့ အိမ်ထောင်စု မရှိသေးတဲ့သူတွေအတွက်လည်း အဆင်ပြေအောင်ပေါ့။” ဦးဇော်ဝင်းက ပြောသည်။

၂၀၁၀၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ္ပ၌ နိုင်ငံသားစီစစ်ရေးကဒ်ပြားနှင့် အိမ်ထောင် စုမရှိသည့် ပြည်သူများအနေဖြင့် မဲပေးနိုင်မည့် အခွင့်အရေးများကို ဆုံးရှူံးခဲ့ရပြီး ယင်းကဲ့သို့ မဖြစ်ရအောင် လာမည့်ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ပြုလုပ်ပေးသွားရန် စီမံချက်ချထားကြောင်း ၎င်းက ထည့်သွင်းပြော ဆိုခဲ့သည်။

ဤသို့ပြုလုပ်ရာတွင် ဝေးလံခေါင်ဖျားသည့် ဒေသများကို ပိုမိုဦးစားပေး ဆောင်ရွက်ပေးသွားမည်ပြီး NRC နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ရှိကြောင်း သိရသည်။
လက်ရှိကချင်ပြည်နယ်တွင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာ ဦးစီးဌာနများ ပူးပေါင်းကာ “သစ္စာစီမံချက်” အနေဖြင့် အခြေခံပညာ စာသင်ကျောင်းများ၊ ကိုယ်ပိုင်ပညာရေးစာသင်ကျောင်းများ၊ စစ်ရှောင်စခန်းများ၊ မိဘမဲ့ဂေဟာများ၊ ပရဟိတအသင်းအဖွဲ့ကျောင်းများတွင် အများဆုံးပြုလုပ်ပေးလျှက်ရှိသည်။

လွမ်းအောင်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။