Trending Now

တနိုင်းချောင်းရေကာတာအနီး ကိုးနှစ်အရွယ် ယောကျ်ားလေးတစ်ဦး ရေနှစ်သေဆုံး

Spread the love

တနိုင်းချောင်းရေကာတာအနီး ကိုးနှစ်အရွယ် ယောကျ်ားလေးတစ်ဦး ရေနှစ်သေဆုံး

EPN
တနိုင်း၊ ဧပြီ ၂၇

ကချင်ပြည်နယ် တနိုင်းမြို့၊ ပုန်ခုန်းရပ်ကွက် တနိုင်းချောင်း ရေကာတာအနီး တနိုင်းချောင်းတွင် ယမန်နေ့ ညနေပိုင်းအချိန်က အသက် ၉နှစ်ခန့် အရွယ် ယောကျ်ားလေးတစ်ဦး ရေနှစ်မြှုပ်သေဆုံးခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ တနိုင်းမြို့ ပုန်ခုန်းရပ်ကွက်မှ ဦးနော်အွန်၏သား အသက် ၉နှစ်ခန့်အရွယ် မူလတန်းကျောင်းသား မောင်ဇော်ဒန်အောင် ဆိုသူဖြစ်ပြီး ၄င်းသည် ဧပြီလ ၂၆ ညနေ ၃နာရီခွဲ အချိန်ခန့်တွင် အခင်းဖြစ်ပွားရာနေရာ၌ အစ်မဝမ်းကွဲတော်စပ်သူ၊ သူငယ်ချင်းများနှင့်အတူ ရေချိုးဆင်းရာမှ ရေလယ်ခေါင်ဘက်ရောက်ရှိကာ ရေနှစ်ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာသို့ တနိုင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်၊ တာဝန်မှူး ဒုရဲအုပ် နန်းဝင်းခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ပုန်ခုန်းရပ်ကွက် ရာအိမ်မှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ သတင်းရသည်နှင့်တပြိုက်နက် သွားရောက် ဝိုင်းဝန်ရှာဖွေခဲ့ရာ အဆိုပါကလေးငယ်၏ ရုပ်အလောင်းကို ယမန်နေ့ ညနေ ၄နာရီခွဲအချိန် ပြန်လည်တွေ့ရှိခဲ့ပြီး တနိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ တနိုင်းမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဥ် ၄/၂၀၂၀ ဖြင့် ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း – မင်းမင်း
ဓါတ်ပုံ – တနိုင်းမြို့နယ် မီးသတ်ဦးစီးဌာန


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။